မိမိရဲ့ မွေးကင်စ ရင်သွေးကို ဆိုင်ကယ်၀ယ်ဖို့အတွက်နဲ့ ရောင်းချခဲ့တဲ့ ထိတ်လန့်စရာ ဖြစ်ရပ်

//s9.kh1.co/19/199fab6b29dfd85dc7af8de9da8f22b5f13ab264.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

လူတွေဟာ အမှားနဲ့မကင်းတာတော့ အမှန်ပါပဲ။ဒါပေမယ့် မိမိရဲ့ပေါ့ဆမှုကြောင့် ရရှိလာတဲ့ရင်သွေးလေးကိုတော့ တာဝန်မယူတဲ့ အမှားကတော့ လူ့အသိုင်းအဝိုင်းမှာ ရှက်စရာကောင်းလှပါတယ်။ ကိုယ့်အမှားကနေ ရရှိလာခဲ့တယ့် ရင်သွေးတွေကို တာဝန်မယူချင်လို့ စွန့်ပစ်ကြတဲ့ မိဘဦးရေတော်တော်များများကိုလည်း လူ့ပတ်ဝန်းကျင်မှာတွေ့မြင်ဖူးကြမှာပါ။ တကယ်စိတ်မကောင်းစရာ သတင်းတွေပါပဲ။

https://s9.kh1.co/__image/w=600,h=394,q=100/a9/a9cd89c01045ded4058a3ee0b330292619eab082.jpg

ခုဆိုရင်လည်း ထိုလို အလာတူ ဖြစ်ရပ်တစ်ခုကို ဖော်ပြမှာ ဖြစ်ပါတယ်။ ရင်သွေးငယ်ရဲ့ ဖခင်ဖြစ်သူဟာ ဖိလစ်ပိုင်နိုင်ငံ ILocos Norte ဒေသမှာနေထိုင်တာဖြစ်ပါတယ်။ သူရဲ့နာမည်ကတော့ Francis Palacio လို့သိရပါတယ်။ ဖခင်ဖြစ်တဲ့သူဟာ လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး အသက်အရွယ် ငယ်ပါသေးတယ်။ Francis Palacio ဟာမိမိကလေးအရင်းကို အမျိုးသမီးတစ်ဦးဆီမှာ ပီဆိုငါးထောင်ခန့်နဲ့ ရောင်းချခဲ့တယ်လို့သိရှိရပါတယ်။ ကလေးငယ်ရောင်းချပြီး ရလာတဲ့ငွေကို Francis Palacio ဟာ မော်တော်ဆိုင်ကယ်တစ်စီးဝယ်ယူခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=416,q=100/8d/8d52f94528a4ec3ac1ad305bf667f60f505bcde9.jpg
https://s9.kh1.co/__image/w=600,h=390,q=100/f7/f71963929495be15d4f21eaf79504e34b96772f4.jpg

Palacio ဟာ ထိုရင်သွေးငယ်ကို သူနဲအတူနေဖော်ဖြစ်တဲ့ Lanalyn Bituin ဆိုသူ အမျိုးသမီးနဲ့ ရရှိခဲ့တာဖြစ်ပြီး ကိုယ့်ရဲ့ရင်သွေးကို ပြုစုစောင့်ရှောက်ရမယ့်အစား အခုလို ရက်ရက်စက်စက် ရောင်းချလိုက်တာပဲဖြစ်ပါတယ်။ ယခုကိစ္စကို Palacio ဟာ Lanalyn Bituin ကိုမပြောဘဲ စီစဉ်ခဲ့တာလို့လည်းသိရှိရပါတယ်။ ရဲတွေဖမ်းဆီးရမိတဲ့အချိန်မှာတော့ အဖေဖြစ်သူဟာ ကလေးကိုရောင်းတာမဟုတ်ကြောင်းနဲ့ သူဟာကလေးကို အဲ့အမျိုးသမီးဆိမှာ ခဏအပ်ထားတာ‌ဖြစ်ကြောင်း ပိုက်ဆံကလည်း ကလေးအတွက်ပေးတာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် သူဟာခုခ‌ျိန်မှာတော့ ထောင်ထဲရောက်သွားရပြီ ဖြစ်ပါတယ်။ မိမိရင်သွေးကိုတောင် ရောင်းချတာဟာ တကယ် ထိတ်လန့်စရာပါပဲ။

https://s9.kh1.co/__image/w=512,h=331,q=100/ec/ec0b922e93be26eb04871043a84fe3e24ee3f16a.png

သတင်း အရင်းအမြစ်Updaily

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T