ရွာသားတွေ အနေနဲ့ သူတို့ သူငယ်ချင်းကို လိုက်ရှာရင်း တွေ့လိုက်ရတဲ့ အဖြစ်အပျက် ကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ သူတို့ ရဲ့ သူငယ်ချင်းကို ၇ မီတာရှည်တဲ့ စပါးကြီးမြွေကြီးက မြိုထားခဲ့တာဖြစ်ပြီး မြွေကြီးရဲ့ ၀မ်းဗိုက်ကနေ ပြန်လည် တွေ့ရှိခဲ့ရလို့ပါ။ ဗိုက်ကြီးကားနေတဲ့ မြွေကြီးကို မသင်္ကာတာကြောင့် ဗိုက်ကို ခွဲကြည့်လိုက်တဲ့ အချိန်မှာတော့ သူတို့ သူငယ်ချင်းကို ဘွတ်ဖိနပ်တွေ စီးရက်၊ ဘောင်းဘီတို နဲ့ တီရှပ် ၀တ်ဆင်ထားလျက်သား ပြန်လည်တွေ့ရှိခဲ့ရပါတယ်။
အိမ်နောက်ဖေးခြံထဲမှာ တွေ့ရှိရတဲ့ အဲ့ဒီ့မြွေကြီးရဲ့ ၀မ်းဗိုက်ကို ၁၈ လက်မရှိတဲ့ ဓားနဲ့ ခွဲခဲ့ရပါတယ်။ ပျောက်ဆုံးသွားတဲ့ ရွာသားဟာ အသက် ၂၅ နှစ်ရှိပြီ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝါစီ (Sulawesi) ကျွန်းရဲ့အနောက်ဘက်မှာ နေထိုင်ပါတယ်။ သူဟာ တနင်္ဂနွေနေ့ ညက ကောက်ရိတ်သိမ်းဖို့ အသွား ပျောက်သွားခဲ့တာဖြစ်ပြီး သူအိမ်ကိုပြန်မလာတော့မှ သူ့ သူငယ်ချင်းတွေ နဲ့ ဆွေမျိုးတွေက နောက်နေ့ ညနေမှာ လိုက်ရှာခဲ့ကြပါတယ်။
သူ့ရဲ့ ဇနီးကတော့ အပြင်သွားနေတာကြောင့် အဲ့ဒီ့အဖြစ်အပျက်ကို သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထွက်လာမှပဲ သူ့ယောက်ျား သေဆုံးသွားပြီဆိုတာကို သိရတာပါ။ ရွာမှာနေထိုင်သူ တချို့ကတော့ အော်သံတချို့ကြားခဲ့ရတယ်လို့ဆိုပါတယ်။ မြွေကြီးကိုဖမ်းမိပြီး ဗိုက်ကိုခွဲကြည့်တော့ သူစီးတဲ့ ဘွတ်ဖိနပ်ကို အရင်ဆုံးစတွေ့ခဲ့ရပါတယ်။ ရွာသားတွေအနေနဲ့ သူ့ကိုကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မြွေကြီးဗိုက်ထဲက ဆွဲထုတ်အပြီးမှာတော့ အသက်မရှိတော့ပါဘူး။
သတင်း အရင်းအမြစ်៖ Mirror