ကမ္ဘာ့ခြေတံအရှည်ဆုံး စံချိန်တင်ထားတဲ့ ရုရှားနိုင်ငံက မော်ဒယ်

//s9.kh1.co/ed/eda92dd675666df04a750b6b73be205ce81da55a.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဂင်းနစ်စံချိန်တင်ဖို့ဆိုတာ တကယ်ကို မလွယ်ကူလှတဲ့ ကိစ္စပါ။ ကမ္ဘာ့စံချိန်ချိုးသွားသူတိုင်းမှာ အများနဲ့မတူတဲ့ ရုပ်ရည်သွင်ပြင် နဲ့ ထူးခြားတဲ့ အရည်အသွေးကောင်းတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီထဲက တစ်ယောက်အပါအဝင်ဖြစ်လာသူလေးကတော့ ရုရှားနိုင်ငံက မော်ဒယ်လေးတစ်ယောက်ပါ။

https://s9.kh1.co/__image/w=650,h=813,q=100/7a/7a1e95eb2adb71acf07558b646529f943cf2f3cc.jpg
https://s9.kh1.co/__image/w=650,h=931,q=100/5a/5ae5b5925b6038badb705bab4873a5f25e48a883.jpg

ရှုရှားမော်ဒယ် Ekaterina Lisina ဟာ သာမန်မော်ဒယ်တွေထက်ကို အရပ်အမောင်းနဲ့ ခြေထောက် သိသိသာသာ ရှည်လွန်းနေတာကတော့ ထူးခြားမှုတစ်ခုပါပဲ။ အရပ် (၆) ပေ (၈) လက်မ မြင့်တဲ့ သူမဟာ အစောပိုင်းထဲက ဂင်းနစ်မှတ်တမ်းများအဖွဲ့က သူမကို အသိမှတ်ပြုထားတာဖြစ်ပါတယ်။ သူမရဲ့ သွယ်လျရှည်လွန်းတဲ့ ခြေတံတွေကြောင့် ကမ္ဘာ့ခြေထောက်အရှည်ဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်စံချိန်ရရှိထားပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=346,q=100/1b/1b08096e020b10212849d666e36301eeb0db38a7.jpeg
https://s9.kh1.co/__image/w=650,h=495,q=100/96/96ea6aab469c50d09d32c8b4a56a488b9e102466.jpg

Lisina ရဲ့ ဘယ်ဘက်ခြေထောက်အရှည်ဟာ ၁၃၂.၈ စင်တ‌ီမီတာ ရှည်လျားပြီး ညာဘက်ကတော့ ၁၃၂.၂ စင်တီမီတာ ရှိတယ်လို့ သိရပါတယ်။ သူမအနေနဲ့ ဂင်းနစ်စံချိန်ဝင်ချင်တဲ့ရည်ရွယ်ချက်က သူမလိုပဲ ကိုယ့်ရဲ့ ထူးခြားချက်တစ်ခုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေ သိမ်ငယ်စိတ်မဖြစ်အောင် ယုံကြည်မှုပိုရှိစေချင်တယ်လို့ ဆိုပါတယ်။ သူမဟာ ဒုတိယမြောက်စံချိန်အဖြစ် အရပ်အရှည်ဆုံးမော်ဒယ်အဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/f7/f71b4cec0e9676c5c17f667a1ef16982b4fbd882.jpg
https://s9.kh1.co/__image/w=650,h=506,q=100/0e/0e88b3493dfbfe51272403802b5b823ad3d3acf8.jpg

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T