မြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အမေရိကန်နိုင်ငံရှိ လောကချမ်းသာစေတီမှာ ပြုလုပ်ခဲ့တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ

//s9.kh1.co/6f/6fbb843e24eefcfb3ba41688af3ea421415e308e.jpg
နေ့စဉ်သတင်းများ

 ၁၈-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

သူတို့တွေလည်း သူများနိုင်ငံမှာရောက်နေကြပေမယ့် စိတ်ကတော့ ဒီမှာပါပဲ ......

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ထဲက စစ်ကောင်စီရဲ့ အာဏာသိမ်းပိုက်ခြင်းကို ခံလိုက်ရတာပါ။ သိမ်းပိုက်ပြီး သိပ်မကြာခင်မှာပဲ ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ကြွေးကြော်ဆန္ဒပြတာတွေလဲ လုပ်ခဲ့ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံကြောင်း နိုင်ငံအသီးသီးမှာလဲ ဆန္ဒပြတာတွေ၊ ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။ 

Photo Credit : Z Fighter
Photo Credit : Z Fighter

မြန်မာနိုင်ငံ အာဏာသိမ်းခံထားရတာ (၉)လ ကြာမြင့်ခဲ့ပါပြီ။ပြည်တွင်းမှာလဲ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေကြသလို ပြည်ပမှာလဲ ရန်ပုံငွေပွဲတွေ၊ ဆုတောင်းပွဲတွေကို ပြည်သူလူထုတွေက အခုချိန်ထိသွေးမအေးပဲ အာဏာရှင်ကို တတပ်တအား တော်လှန်နေကြတာဖြစ်ပါတယ်။ 

Photo Credit : Z Fighter
Photo Credit : Z Fighter

အခုဆိုရင်လည်း အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက နယူးဂျာစီပြည်နယ်၊ နယူးဂျာစီ လောကချမ်းသာစေတီတော်တွင် အမိမြန်မာပြည်ငြိမ်းချမ်း‌စေရန် ရည်စူးပြီး ဆီမီး ၉၀,၀၀၀ ပူဇော်ကာ ဘာသာပေါင်းစုံ တိုင်းရင်းသားများက ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဆိုပါမီးထွန်းပွဲကို စတုတ္ထအကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၁၇ရက် မနေ့က ညပိုင်းက သီတင်းကျွတ် အထိမ်းအမှတ်အနေနဲ့ ဆီမီးပူဇော်ထွန်းညှိကြကာ ဆု‌တောင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit : Z Fighter
Photo Credit : Z Fighter

လူမျိုး ဘာသာမရွေး စားသုံးနိုင်ဖို့ စတုဒီသာပွဲလာရောက်လှူဒါန်းသူ အလှူရှင် ၁၀ ဦးခန့် နဲ့ ဘာသာပေါင်းစုံ တိုင်းရင်းသားညီအကိုမောင်နှမများ ၇၅၀ ကျော် ပါဝင်ဆုတောင်း ကုသိုလ် ယူကြတယ်လို့ သိရပါတယ်။ 

Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter
Photo Credit : Z Fighter

Credit : Z Fighter 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T