ကနဦးသိရှိရတဲ့ လွတ်မြောက်လာမယ့် မီဒီယာများနှင့် အမှုပိတ်သိမ်းလိုက်တဲ့ အနုပညာရှင်ဆယ်လီများနာမည်စာရင်း

//s9.kh1.co/20/20b89d641a7d2e05a86b36c3629fb55f1578e040.jpg
အနုပညာရှင်များ

 ၁၈-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကနဦးသိရှိရတဲ့ လွတ်မြောက်လာမယ့် မီဒီယာများနှင့် အမှုပိတ်သိမ်းလိုက်တဲ့ အနုပညာရှင်ဆယ်လီများနာမည်စာရင်း

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် (၂၄)ဦးနဲ့ လူမှုကွန်ယက်တွင် နာမည်ကြီးလူသိများသူ (၁၀)ဦးတို့အား အမှုပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ပြည်သူတွေတော်တော်များများ က မိမိတို့ချစ်တဲ့ အနုပညာရှင်တွေ သူငယ်ချင်းမိတ်တွေတွေ  မိသားစုဝင်တွေ ပါဝင်လာမလားလို့ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားနေကြပါတယ်။

Photo - Crd to Original Uploader
Photo - Crd to Original Uploader

အခု ကနဦးသိရတဲ့ လွတ်မြောက်လာမယ့် မီဒီယာသမားတွေထဲမှာ ဦးမုံရွာအောင်ရှင်၊ Kachin Wave မှ ဦးလရော်၊ 74 မီဒီယာမှ မချမ်းဘူ၊ မဆိုင်းနုပန် ၊ Mizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ ကိုဂျိမ်းစ်၊ ခေတ်ပုံရိပ် မှ ကိုအောင်ခန့်၊ အမိမြေဂျာနယ်မှ ဦးကျော်မြင့်တို့ ပါဝင်ကြောင်း သိရပါတယ်။

Google
Google

၅၀၅နဲ့တရားစွဲခံထားရတဲ့အမှုကို ပိတ်သိမ်းလိုက်တဲ့ အထဲမှာပါဝင်တဲ့ အနုပညာရှင်နဲ့ ဆယ်လီတွေထဲမှာတော့ ကော်နီ၊ ညီထွဋ်ခေါင် ၊ ဖြူဖြူကျော်သိန်း၊ ချမ်းမြေ့မောင်ချို နှင့် ဒေါက်တာမြဝတ်ရည်တို့ပါတယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။

Google
Google

နောက်ထပ် ထပ်လွတ်မြောက်လာမယ့် အမှုပိတ်သိမ်းလိုက်တဲ့ အနုပညာရှင်စာရင်းတွေကိုလည်း သိရှိရတာနဲ့တစ်ပြိုင်နက် ထပ်မံတင်ပေးသွားပါ့မယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T