ဖိနပ်လေးတစ်ရံဟာ ကလေးလေးဆက်လျှောက်ရမယ့် လမ်းပေါင်းများစွာ ဖြစ်ပါစေလို့ ဆိုလာတဲ့ လွတ်မြောက်နယ်မြေရောက် ဒါရိုက်တာ သည်ခေတ်နေ - Myanmarload

ဖိနပ်လေးတစ်ရံဟာ ကလေးလေးဆက်လျှောက်ရမယ့် လမ်းပေါင်းများစွာ ဖြစ်ပါစေလို့ ဆိုလာတဲ့ လွတ်မြောက်နယ်မြေရောက် ဒါရိုက်တာ သည်ခေတ်နေ

https://s9.kh1.co/22/227e32bdea4f0a841529465bbc56c8a7e7f1d92a.jpg
အနုပညာရှင်များ
 18-Oct-2021 2pm · a month ago

ဖိနပ်လေးတစ်ရံဟာ ကလေးလေးဆက်လျှောက်ရမယ့် လမ်းပေါင်းများစွာ ဖြစ်ပါစေလို့ ဆိုလာတဲ့ လွတ်မြောက်နယ်မြေရောက် ဒါရိုက်တာ သည်ခေတ်နေ

တော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေပြီး မတရားမှုကိုဆန်ကျင့်နေကြတဲ့သူတွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေလည်း ပါဝင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/e3/e3735557d05985885c6a6b3e1928676e48a0316b.jpg
Photo Credit    - The Khit Nay's Facebook

တော်လှန်ရေးအတွက်  နှောင်ကြိုးတွေဖြတ်ခဲ့ရတာရှိသလို ရာထူး၊စည်းစိမ်တွေအားလုံးလွှတ်ချလိုက်ရပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်၊၊

https://s9.kh1.co/__image/w=650,h=488,q=100/96/96ecca81169b19ef27608c733ca790081b8f7e75.jpg
Photo Credit - The Khit Nay's Facebook

ဒါရိုက်တာသည်ခေတ်နေဟာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။လူထုလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/92/92c2996703432834cef7217d4b3255eb61ce4d00.jpg
Photo Credit - The Khit Nay's Facebook

သူဟာ လွတ်မြောက်နယ်မြေ ရောက်သွားပေမဲ့လည်း တော်လှန်ရေးမှာတော့ သွေးမအေးပဲ ကျရာနေရာကနေ တော်လှန်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/22/227e32bdea4f0a841529465bbc56c8a7e7f1d92a.jpg
Photo Credit - The Khit Nay's Facebook

အခုတစ်ခေါက်မှာတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကလေးလေးတွေကို သူကိုယ်တိုင်ကိုယ်ကျ ဖိနပ်စီးပေးနေပုံလေးတွေဝေမျှခဲ့ပြီး ဖိနပ်လေးတစ်ရံဟာ ကလေးလေးဆက်လျှောက်ရမယ့် လမ်းပေါင်းများစွာ ဖြစ်ပါစေ အလှူရှင်တွေလည်း ကျန်းမာပါစေလို့ ရေးသားထားတာကို ပရိတ်သတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ်The Khit Nay

Hsu Ei Khin
Arche

ဆက်စပ်ဆောင်းပါး