အရက်ကြောင်ကြောင်ပြီး ဓါတ်မီးကြိုးပေါ် တက်သွားခဲ့တဲ့ အမျိုးသားတစ်ဦးကို ဝါးလုံးရှည်ဖြင့် ဝိုင်းဝန်းထိုးချခဲ့တဲ့ သဲထိပ်ရင်ဖို ရုပ်သံဖိုင်တစ်ခု

//s9.kh1.co/6e/6e7cf076461d69c1e873250cd0c90ee48a014eea.jpg
နေ့စဉ်သတင်းများ

 ၁၉-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

မူးယစ်စေတဲ့ သေရည်သေရက် သောက်စားခြင်းကို အမျိုးသားအများစုဟာ ခုံမင်မက်မောကြပြီး တချို့အလွန်းအကျွံ သောက်စားမှုကြောင့် အသိစိတ်များ ပျောက်သွားတာတွေအပြင် စီးပွားပျက်တတ်ယုံသာမကဘဲ ရေရှည်သောက်စားခြင်းကလည်း အသက်ကိုပါ ထိခိုက်စေပါတယ်။ ယခုမှာလည်း အမျိုးသားတစ်ဦးဟာ အရက်ကြောင်ကြောင်ပြီး ဓါတ်မီးကြိုးပေါ်တက်သွားခဲ့လို့ သဲထိပ်ရင်ဖို ဖြစ်ခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီဖြစ်ရပ်လေးကတော့ အောက်တိုဘာလ (၁၆) ရက်နေ့ ညနေ (၁၇:၀၀) ချိန်က ထိုင်းနိုင်ငံခွန်ကဲန်ခရိုင်၊ နမ့်ဖောင်းရပ်ကွက် (၂)မှာ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၃) နှစ်အရွယ်ရှိတဲ့ အဆိုပါ အမျိုးသားဟာ အရက်ကြောင်ကြောင်သွား​ပြီး ဓါတ်တိုင်မှတဆင့် ဓါတ်ကြိုးပေါ်တက်သွားခဲ့တာကြောင့် ရပ်ကွက်အထဲက ပြည်သူများက အရေးပေါ် မီးမိန်းချလိုက်ရပြီး (၅ ) နာရီအကြာ ဝါးလုံးရှည်ဖြင့်ထိုးချခြင်း၊ ကလော်ချခြင်းများ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

အောက်ကနေ စောင့်ကြည့်နေရတဲ့ ပြည်သူတွေကတော့ သဲထိပ်ရင်ဖိုနဲ့ ဝိုင်းဝန်းကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဓါတ်တိုင်အောက် ရောက်သွားတဲ့ အချိန်မှာတော့ အဆိုပါအမျိုးသားကို ရဲလက်အပ်လိုက်ကြပြီး လက်ရှိမှာ အချုပ်ထဲရောက်နေကြောင်းလည်း ကြားသိရပါတယ်။ မိခင်ဖြစ်သူရဲ့ ပြောကြားချက်အရ ယခင်ကလူတော်လူကောင်း တစ်ယောက်ဖြစ်ခဲ့ပြီး အရက်နှင့် မူးယစ်ဆေးရဲ့သားကောင် ဖြစ်သွားရှာတာကြောင့် ယခုလိုမျိုးဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T