ဝါရှင်တန်ပြည်နယ်ရဲ့ တက္ကသိုလ်က ဘောလုံးနည်းပြဖြစ်သူ Nick Rolovich ဟာ COVID-19 ကာကွယ်ဆေးကို ထိုးဖို့ ငြင်းဆန်ပြီးနောက် ကျောင်းကနေ တနင်္လာနေ့တုန်းက အထုတ်ခံလိုက်ရပါတယ်။ အသက် ၄၂ ရှိပြီဖြစ်တဲ့ Rolovich ဟာ ပြည်နယ်ရဲ့ ဈေးအကြီးဆုံး ၀န်ထမ်းတစ်ယောက်ဖြစ်ပြီး သူရဲ့နှစ်စဉ်လစာဟာ ဒေါ်လာ ၃.၂ သန်းရှိပါတယ်။ ၅ နှစ်လောက်အကြာမှာတော့ သူရဲ့ နှစ်စဉ်လစာဟာ ဒေါ်လာ ၁၅.၆ သန်းထိ တိုးသွားခဲ့ပါတယ်။
သူအလုပ်ထုတ်ခံရတာနဲ့အတူတူ သူရဲ့လက်အောက်က ၀န်ထမ်းလေးယောက်လည်း အထုတ်ခံလိုက်ရပါတယ်။ ခုချိန်မှာတော့ နည်းပြနေရာကို Jake Dickert ကတာ၀န်ယူသွားမှာ ဖြစ်ပါတယ်။ " ဒီလို ကာကွယ်ဆေးမထိုးဘဲ ငြင်းဆိုတာဟာ လုံး၀ လက်ခံစရာမရှိပါဘူး၊ အချိန်နဲ့အမျှ လူတွေဟာ သေဆုံးနေကြရတာပါ၊ ကျွန်တော်တို့ကျောင်းကလည်း ကျောင်းသားတွေရဲ့ ကျန်းမာရေးကို ဦစားပေးထားပါတယ်၊ ဒါကြောင့် ဒီလိုလုပ်ရပ်မျုိးကို ဘယ်လိုမှလက်မခံနိုင်ပါဘူး " ဆိုပြီး ကျောင်းအားကစား ဒါရိုက်တာ Pat Chun ကပြောပြခဲ့ပါတယ်။
Rolovich ဟာ ဇူလိုင်လတုန်းက သူအနေနဲ့ ကာကွယ်ဆေးထိုးမှာမဟုတ်ကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ မထိုးရတဲ့အကြောင်းကတော့ သူရဲ့ ပုဂ္ဂိုလ်ရေးအရ အကြောင်းပြချက်ပဲဖြစ်ပါတယ်။ " ကျွန်တော်အနေနဲ့တော့ COVID-19 ကာကွယ်ဆေးကို ထိုးသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးထိုးခံရဖို့ အရွေးခံလိုက်ရတဲ့ သူတွေအပြင် ကျွန်တော့်ရဲ့ ၀န်ထမ်းတွေ ကစားသမားတွေကိုတော့ Support ပေးသွားမှာပါ " ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Rolovich ကတော့ခုချိန်မှာတော့ လစာ ဒေါ်လာ ၃.၂ သန်း ရတဲ့အလုပ်ကနေ ကာကွယ်ဆေးမထိုးတဲ့အတွက်ကြောင့် အလုပ်ထုတ်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ HUFFPOST