John McChain Freedom 2021 ပွဲ တက်ရောက်ကာ ဆုလက်ခံရရှိခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း

//s9.kh1.co/04/047f36cb5234762f7482d694f90478c579ba9851.jpg
နေ့စဉ်သတင်းများ

 ၂၀-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံအတွက်တကယ်ကို ဂုဏ်ယူစရာပါပဲဗနာ်... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီမှာ ယမန်နေ့ အောက်တိုဘာ(၁၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ International Republican Institute က ဂုဏ်ပြု ချီးမြှင့်ခဲ့တဲ့ John McChain Freedom Award 2021 ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဂုဏ်ယူစွာတက်ရောက်ပြီး ဆုလက်ခံရရှိခဲ့ကြောင်း သတင်းများကြားသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

IRI ဟာ (၁၉၉၅)ခုနှစ်မှစ၍ Freedom Award ကို ဒီမိုကရေစီတိုးတက်မှဒအတွက် ကတိကဝတ်ပြုသော ပုဂ္ဂိုလ်များ၊ ဒီမိုကရေစီ လွတ်လပ်မှုနှင့် လူသားလွတ်မြောက်မှု ၊ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူတွေအတွက် အခွင့်အလမ်းများဖန်တီးပေးခဲ့သူတွေကိုသာ ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။အဆိုပါဆုကို ဒေါ်အောင်ဆန်းစုကြည်က (၁၉၉၉)ခုနှစ်မှာ ရရှိခဲ့တယ်လို့လည်းဆိုပါတယ်။သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဒီမိုကရေစီလှုပ်ရှားသူများနှင့်ပူးပေါင်းကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

John McChain Freedom Award 2021 ဆုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်း အပြင် လစ်သူနီးယားဝန်ကြီးချုပ် Ingrida Symonyte , ဘယ်လာရုစ်နိုင်ငံရေးအကျဉ်းသားတွေအတွက်ပေါင်းစည်းညှိနှိုင်းရေးကောင်စီကိုယ်စားလှယ် Tatsiana Khomich နှင့် ကျူးဘားနှင့်ဂျာမနီအနုပညာဆုရရှိထားတဲ့ Willy Chilino တို့ကရရှိခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T