မိမိသခင်ကို မကြာခဏ ဆဲဆိုတ‌ဲ့ စကားလုံးတွေ အမြဲပြောလေ့ရှိတဲ့ ကြက်တူရွေးလေး

//s9.kh1.co/26/26ef0cb8a882182aa9393c576834a0a2204afbb7.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

တချို့အိမ်မွေးတိရစ္ဆာန်တွေဟာ ဆိုရင် တကယ်ကို ထူးဆန်းတက်ကြပါတယ်။ ခုဆိုရင်လည်း အိမ်မွေးကြက်တူရွေးလေးဟာ ကိုယ့်ရဲသခင်ကို အမြဲ ဆဲဆိုနေလေ့ရှိပါတယ်။ ဘယ်လိုကြောင့်များ ဒီကြက်တူရွေးက အမြဲတမ်း သခင်ကို ဆဲနေရတာလဲဆိုတာကိုလည်း အောက်မှာ ဆက်လက်ဖော်ပြလိုက်ပါတယ်။ Scooby လေးဟာ သူရဲ့သခင်ဖြစ်သူ Lorraine Gregory ကို " F*** off " ဆိုပြီး ပြောရတာလောက် ကြိုက်နှစ်သက်တာမရှိပါဘူး။

https://s9.kh1.co/__image/w=480,h=642,q=100/7e/7ec73aeb33a400451b0fee9234363a584a7c23b1.jpg
https://s9.kh1.co/__image/w=480,h=640,q=100/b3/b34815e05e36ce46e2181081abe2b30b0d426747.jpg

သခင်ဖြစ်သူကလည်း အလုပ်လုပ်တဲ့နေရာမှာကြမ်းတမ်းတာကြောင့် အိမ်ပြန်ရောက်တဲ့အခါ ကြက်တူရွေးက သူကြမ်းတမ်းသလို ပြန်ကြမ်းတမ်းပြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ Lorraine ဟာ Scooby ကိုမုန်းသွားတာမျိုးမရှိတဲ့အပြင် ကြက်တူရွေးရဲ့အပြုအမူတွေကိုတောင် ဆေးရုံက အရှေ့တန်းမှာ အလုပ်လုပ်‌ေနရတဲ့ NHS အလုပ်သမား‌ေတွကို အားပေးဖို့ အသုံးပြုခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/3f/3fb98fe8ae8dd5d1879f0a2d6ce1bb4c14d71c4b.png
https://s9.kh1.co/__image/w=480,h=350,q=100/94/9420cd502d801fea6e91f0e6445ffe69d8d29911.jpg

Lorraine က " သူက လူလိုပါပဲ၊ ငါကုတ်၀တ်ပြီး အပြင်ကို သွားဖို့လုပ်တာန‌‌ဲ့ သူက Bye Lorraine ဆိုပြီး နှုတ်ဆက်ပါတယ်၊ ငှက်လေးက ကျွန်မဆိကို လွန်ခဲ့တဲ့ ၆ လက သူ့ရဲ့သခင်သေပြီး ရောက်ရှိလာတာဖြစ်ပါတယ် " လို့ ပြောပြပါတယ်။ တစ်မိသားစုလုံးက ငှက်လကိုချစ်ပေမယ့် ဒီကြက်တူရွေးလေးကတော့ မကြာခဏဆိုသလို F*** Off ဆိုပြီး ပြော‌ဆိုနေတာလေးတော့ရှိနေပါတယ်။ ဘာကြောင့်ပြောလဲဆိုတာတောင် သခင်ကိုယ်တိုင်တောင် မသိပါဘူး။ သူ့ကို Good Boy လေးတစ်ယောက်လို နေမှာလားလို့ မေးတိုင်း No ဆိုပြီးပဲ ပြန်ဖြေလေ့ရှိပါတယ်။ ကြက်တူရွေးလေးကလည်း တကယ်တော့ ဘယ်သူကိုမ‌ှ မမုန်းသလို သူ့ကိုလည်း ဘယ်သူမှ မမုန်းကြပါဘူး။ F*** Off ဆိုတာ သူ့ရဲ့လက်စွဲတော်စကားလေးတစ်ခုသာ ဖြစ်သွားတာပါ။ သူပြောတိုင်းလည်း F စကားလုံး မပါရင်မပြီးပါဘူး။

https://s9.kh1.co/__image/w=421,h=450,q=100/39/39060d0f583477dd1ba19153b57544c3556cf01b.jpg

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T