မိမိပျောက်လို့ လိုက်ရှာနေကြမှန်းမသိပဲ ရှာဖွေရေးအဖွဲ့နဲ့ပါ ပူးပေါင်းရှာဖွေပေးခဲ့တဲ့ တူရကီအမျိုးသား

//s9.kh1.co/76/7617d1e24f2d494567b0acfb7921537780885485.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Beyhan Mutlu ဆိုသူဟာ သူငယ်ချင်းတွေနဲ့အတူ တောထဲမှာ အရက်သောက်ပြီးနောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ သူငယ်ချင်းတွေကလည်း သူတို့ ဘော်ဒါပျောက်သွားတဲ့အတွက် ရဲတွေကို ‌လူပျောက်အမှုဖွင့်ခဲ့ပါတယ်။ ဒါနဲ့ပဲရဲတွေဟာ ရှာဖွေရေးလုပ်ကာ လိုက်လံရှာဖွေကြပါတော့တယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a1/a1a4f1df5fa69484582ac80489ca5796e876164d.jpg
https://s9.kh1.co/__image/w=375,h=210,q=100/ec/ecc4ed7f3d12289c6f2b6d8bea7b45ad0d47934e.jpg

ဒီဖြစ်ရပ်ကတော့ တူရကီမှာဖြစ်ခဲ့တဲ့ ဟာသဆန်ဆန် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ လူတွေဟာ အရက်အမူးလွန်တဲ့အခါ တလွဲတချော်တွေ ပြုလုပ်တက်ကြလေ့ ရှိပါတယ်။ ခုဆိုရင်လည်း တူရကီ အမျိုးသားတစ်ဦးဟာ သူပျောက်ကြောင်း အမှုဖွင့်ထားမှန်းမသိ သူ့ကိုလိုက်ရှာနေမှန်းလည်းမသိပဲ အရက်အမူးလွန်ပြီ သူပါ ရဲတွေနဲ့အတူ ၀င်ရောက်ရှာဖွေပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=490,q=100/20/209bfaf8fb57c8c987b1e0b92b8c05c178751b4b.jpg

ပြည်တွင်းသတင်းသမားတွေအရ Beyhan Mutlu ဟာ Inegöl မှာနေထိုင်သူ တစ်ယောက်ဖြစ်ပြီး အင်္ဂါနေ့က ပျောက်ကွယ်သွားကြောင်း သိရှိရပါတယ်။ သူငယ်ချင်းတွေနဲ့ အရက်သောက်နေစဉ် ပျောက်သွားတာဖြစ်ပါတယ်။ မိန်းမဖြစ်သူနဲ့ သူငယ်ချင်း‌ေတွကလည်း သူနဲ့အဆက်အသွယ်မရတာ နာရီအနည်းငယ်ကြာလာတာကြောင့် ရဲစခန်းမှာအမှု ဖွင့်ခဲ့ပါတယ်။ အသက် ၅၀ ရှိပြီဖြစ်တဲ့ Mr Mutlu ကလည်း ရဲတွေနဲအတူ သူ့ရှာမှန်းမသိ အတူတူ လိုက်ရှာခဲ့ပါတယ်။ အဲ့နောက် ရဲတွေထဲကတစ်ယောက်က သူ့နာမည် ခေါ်လိုက်ရာ သူကလည်း " ငါဒီမှာ " ဆိုပြီး ထထူးပါတယ်။ ရဲတွေကလည်း သူ့ကိုအိမ်ပြန်မပို့ခင် မေးမြန်းတာတွေ မေးပြီးနောက် အိမ်ပြန်ပို့ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c4/c497a2d515fa99b65908499a12fb9d9f7f71337e.jpg

သတင်း အရင်းအမြစ်Sky News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T