ဖျော်ဖြေပွဲတစ်ခုထဲမှာတင် ဘာသာစကားပေါင်း ၁၀၀ ကျော်နဲ့ သီဆိုဖျော်ဖြေပြခဲ့တဲ့ ၁၂ နှစ်အရွယ် ကောင်မလေးရဲ့ ဗီဒီယို

//s9.kh1.co/79/794e13bd2c120169b2af6748012c564484077664.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒူဘိုင်းမှာနေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် အိန္ဒိယ မိန်းကလေး တစ်ဦးဟာ ဘာသာစကား ၁၀၂ မျိုးနဲ့ သီချင်းသီဆိုဖျော်ဖြေမှုကို ခြောက်နာရီကျော် ဆက်တိုက်သီဆိုနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနစ် စံချိန်အသစ် နှစ်ခုကို တစ်ပြိုင်ထဲ ရရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် Suchetha Satish လို့အမည်ရတဲ့ ကောင်မလေးဟာ ၇ တန်းကျောင်းသူလေးတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ဘာသာစကားပေါင်းမြောက်များစွာနဲ့ သီချင်းသီဆိုပြီး ကမ္ဘာ့စံချိန်တင်နိုင်ဖို့ကို လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးခန့်ကမှ စတင်ကြိုးစားအားထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/95/9525ea8ae5d51eddc0e20ed1d1e8ef7c5095509e.webp
https://s9.kh1.co/__image/w=650,h=488,q=100/17/17b1cdce758b238d53c39e768c2d1d60272cb53e.jpg

သီချင်းဆိုဝါသနာရှင်တစ်ဦးဖြစ်တာနဲ့အညီ အရင်ကတည်းက တမီလ်၊ ဟိန္ဒူ၊ မလာယာလမ်၊ အင်္ဂလိပ် ဘာသာစကားတွေနဲ့ သီချင်းသီဆိုနေခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်သူမက နိုင်ငံခြားဘာသာစကားတွေနဲ့ ပက်သက်ပြီးလည်း အထူးစိတ်ဝင်စားတာကြောင့် သူတတ်နိုင်သလောက် ထပ်မံလေ့လာပြီး ကမ္ဘာ့စံချိန်သစ်တင်နိုင်အောင် ကြိုးစားခဲ့တာပါ။ ကြိုးစားခြင်းရဲ့ရလဒ်ကြောင့် သူမဟာ ခုချိန်မှာ စံချိန်အသစ်နှစ်ခုကို တပြိုင်တည်း တင်နိုင်ခဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=540,h=405,q=100/ce/ce14bbc54733068d8991389d74b732092d8043bc.jpg

သူမဟာ ပရိသတ်တွေရဲ့အလယ်မှာ ဘာသာစကား ၁၀၂ မျိုးနဲ့ ၆ နာရီ ၁၅ မိနစ်ကြာအောင် ဆက်တိုက်ဖျော်ဖြေနိုင်ခဲ့တဲ့အတွက် ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ “သမီးပထမဦးဆုံး စဆိုတဲ့ နိုင်ငံခြားသီချင်းက ဂျပန်သီချင်းပါ၊ အဖေရဲ့ သူငယ်ချင်း ဂျပန်လူမျိုး အရေပြားအထူးကု ဒူဘိုင်းကိုလာလည်တုန်းက သူမဆိုနေတဲ့ ဂျပန်သီချင်းလေးကို သဘောကျလို့ လိုက်သင်ပြီး ဆိုခဲ့တာပါ” ဟု Suchetha က ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=343,q=100/c4/c4ca9af75e56e845a76c552bc2269cf4175e8f32.jpg

သတင်း အရင်းအမြစ်The Guardian

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T