မိမိကိုယ်ကို အနက်ရောင် ဂြိုလ်သားတစ်ယောက်လို ပြုပြင်ပြောင်းလဲခဲ့တဲ့ လူသား

//s9.kh1.co/af/af0e42a49444a4985a07f99c5290aadba1de6cd4.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီအမျိုးသားကတော့ အသက် 32 နှစ်အရွယ် ပြင်သစ်နိုင်ငံသား Anthony Loffredo ပဲ ဖြစ်ပါတယ်။ Antony ဟာသူ့ရဲ့ ခန္ဓာကိုယ်အနှံ့မှာ တက်တူးတွေအများကြီး ထိုးထားရုံသာမက ခွဲစိတ်မှုတွေများစွာလည်း ပြုလုပ်ထားသူတစ်ယောက်လဲ ဖြစ်ပါတယ်။ အဆိုးဆုံးတစ်ခုကတော့ Antony ဟာ သူ့ရဲ့ အနက်ရောင် ဂြိုလ်သားတစ်ယောက်လိုဖြစ်ချင်တဲ့ အိမ်မက်အတွက် နှာခေါင်းကိုပါ ဖြတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/c5/c59222733101e8cd83c0ed4d17a26020051e5585.webp
https://s9.kh1.co/__image/w=650,h=805,q=100/19/19578e5fff1b10da0eb5f4d819af6e1d234a6f3c.jpg

ဒါပေမယ့် ဒါဟာ လက်ရှိမှာ အဆိုးဆုံးတစ်ခုလို့ ဆိုလို့မရတော့ပါဘူး ၊ ဘာလို့လဲဆိုရင် Anthony ဟာ သူ့ရဲ့နောက်ဆုံးခွဲစိတ်မှု တစ်ခုအဖြစ် နှုတ်ခမ်းထိပ်ပိုင်းကိုပါ ဖြတ်ထုတ်ပစ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ Anthony ဟာ နှုတ်ခမ်းထိပ်ပိုင်းကို ဖြတ်ထုတ်ခဲ့တဲ့အတွက် စကားပြောတဲ့နေရာမှာ အခက်အခဲအနည်းငယ်နဲ့ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့ အနက်ရောင် ဂြိုလ်သားတစ်ယောက်လို ဖြစ်ချင်တဲ့ အိမ်မက်အတိုင်း ခွဲစိတ်ပြင်ဆင်မှုတွေ ဆက်လုပ်သွားဦးမှာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/12/129ffd74b57a8fa16e10e00e6536fb8de61e44b2.jpg

ဒါ့အပြင် Antony ဟာ သူ့ရဲ့မျက်လုံးတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကိုလည်း အမဲရောင်ဖြစ်အောင် ပြောင်းလဲထားတာကြောင့် သူ့ရဲ့လက်ရှိပုံစံကြီးဟာ သွေးပျက်စရာပါပဲ။ တချို့လူတွေအတွက်တော့ ဒါဟာအရမ်းရူးမိုက်တဲ့ လုပ်ရပ်တစ်ခုလို့ ဆိုနိုင်ပေမယ့် Antony ကတော့ သူရဲ့အိမ်မက်ကို အကောင်းဆုံး အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။ သူရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကတော့လေးစားစရာဆိုပေမယ့် ပုံပန်းသွင်ပြင်ကြီးကတော့ တကယ့်ကို ကြောက်စရာကောင်းနေခဲ့ပါပြီ။

https://s9.kh1.co/__image/w=650,h=392,q=100/b1/b1d1081e51ddc322ddef08bb97c7405c10586f4a.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T