မြန်မာနိုင်ငံ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီးတို့ တွေ့ဆုံခဲ့

//s9.kh1.co/65/65d955f32ca0a7e3408ab2d60fc4272ab5fdf606.jpg
နေ့စဉ်သတင်းများ

 ၂၁-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဘာအကြောင်းကြောင့်တွေ့ဆုံတာများဖြစ်နိုင်မလဲ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံ့အရေးတွင် အရပ်သားအစိုးရက ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ မြန်မာနိုင်ငံ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီး Wendy Sherman တို့ဟာ အောက်တိုဘာ(၁၉)ရက်နေ့ တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မှာ တွေ့ဆုံခဲ့ကြတယ်လို့ အမေရိကန်သတင်းဌာနများကထုတ်ပြန်လာခဲ့ကြပါတယ်။

Photo Credit From Google
Photo Credit From Google

ထိုဆွေးနွေးတွေ့ဆုံပွဲတွင် မြန်မာ့အရေးအား နိုင်ငံတကာကတစ်ပေါင်းတစ်စည်းတည်း တစ်သံတည်းထွက်ကာ ဝိုင်းဝန်းဖိအားပေးကြရန်၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းပေးရန် ၊ ဖမ်းဆိးထားသူများအား ပြန်လည်လွှတ်ပေးရန် နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အားလုံးအတူတူပူးပေါင်းပါဝင်ပေးကြရန် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးကဆိုလာပါတယ်။

Photo Credit From Google
Photo Credit From Google

ဒါ့အပြင် ယခင်ရက်များက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Derek Chollet ကလည်း စင်ကာပူနိုင်ငံခရီးစဉ်နှင့် ထိုင်းနိုင်ငံခရီးစဉ်များတွင် မြန်မာနိုင်ငံအရေးအား ဖိအားပေးဆောင်ရွက်ရန်၊ မြန်မာပြည်သူများအား ကူညီရန် ပြောဆိုလာခဲ့ပြီး အရှေ့တောင်အာရှအဖွဲ့အစည်းအနေနှင့်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ ယခုထက်ပိုမိထိရောက်ကောင်းမွန်သော လုပ်ငန်းဆောင်တာများဖြင့်ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။

Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T