နှစ်စဉ် အဆက်မပြတ် မုန်တိုင်းကျလေ့ရှိပြီး ရောင်စုံလျှပ်စီးတွေကို မြင်ရလေ့ရှိတဲ့ ထူးဆန်းမြစ်

//s9.kh1.co/49/498bffcd2fc0e16d705b5106fa9e7f694eaed615.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ကောင်းကင်ပေါ်ကနေ ကြောက်မက်ဖွယ် ကောင်းလှတဲ့ အသံကြီးတွေနဲ့ မြည်ဟီးပြီး ပစ်ချလိုက်တဲ့ မိုးကြိုးကို လူတော်တော်များများ မြင်ဖူးကြမှာပါ။ ဒီလို မိုးကြိုးတွေကို လက်တွေ့မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးတဲ့ သူတွေကတော့ အလွန် အင်မတန်နည်းပါးလှပါတယ်။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အရောင်စုံလင်လှတဲ့ မိုးကြိုးတွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=419,q=100/ef/efc861134033dfbd03f64dbec61b2c220ca855f6.jpg
https://s9.kh1.co/__image/w=650,h=416,q=100/52/529561a07d498a4f798b1e1ebdb89818d847f35d.jpg

ဒီလို အရောင်စုံလင်းလှတဲ့ မိုးကြိုးတွေ ဖြစ်ပေါ်နေတဲ့ အရပ်ကတော့ ဗင်နီဇွဲလားနိုင်ငံမှာ ရှိတဲ့ Catatumbo လို့ အမည်ရှိ မြစ်တစ်စင်းမှာပဲ ဖြစ်ပါတယ်။ အဆိုပါ မြစ်စီးဆင်းတဲ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းငယ်တွေဟာ တစ်နှစ်မှာ အကြိမ် ၁၀၀ ကျော်ဖြစ်ပေါ်လေ့ရှိပြီး မုန်တိုင်းတစ်ခါကျတိုင်း ၁၀ နာရီလောက်တောင် ကြာမြင့်ပါတယ်။ တော်တော်ကိုကြာတဲ့အချိန်အတိုင်းအတာတစ်ခုဖြစ်ပြီး တော်တော်လည်း ကြောက်ဖို့ကောင်းပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/80/80a1d627690a8010943b3636dea0ae26f2b66a02.jpg
https://s9.kh1.co/__image/w=460,h=324,q=100/f3/f380dd6c938b4d3dca49c4ed51da06eeb9ec17a8.jpg

မုန်တိုင်းကျနေစဉ်မှာ တစ်နာရီအတွင်းကို အကြိမ်၂၀၀ ကျော်လောက်တောင် လျှပ်စီးတွေက အဆက်မပြတ် လက်နေပါတယ်။ ဒါပေမယ့် ထူးဆန်းတာက လျှပ်စီးတွေဟာ ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်ရဲ့ အရောင်တွေနဲ့ ပေါင်းပီး လှပတဲ့ လျှပ်စီးအရောင်တွေ ဖြစ်သွားပါတယ်။ ဒီလို ထူးဆန်းတဲ့ လျှပ်စီး အရောင်တွေကို ပရိသတ်ကြီးအတွက် ဗဟုသုတရစေရန်အတွက် ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=374,q=100/76/76b88dacf36825dc12a94bdd62c79d75f94d2e49.jpg
https://s9.kh1.co/__image/w=650,h=366,q=100/66/66b6d6bae6c9e7a82177f3e04f100880f5d1e800.jpeg

သတင်း အရင်းအမြစ်Medium

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T