ယခုလို သီတင်းကျွတ်ကာလမှ မိမိထက် အသက်အရွယ်ကြီးတဲ့ လူကြီးသူမများကို ကန်တော့တယ်ဆိုတာဟာ မြန်မာတို့ရဲ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုပဲဖြစ်ပါတယ်။ယခုလည်း Ocean Centre မှ ဝန်ထမ်းလူငယ်များဟာ ရိုးရာဓလေ့ကို ချစ်စရာကောင်းစွာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ လူ့အဆင့်အတန်းခွဲခြားခြင်းမရှိပဲ သန့်ရှင်းရေးဝန်ထမ်းအဒေါ်ကြီးများကို ရိုသေလေးစားစွာ သီတင်းကျွတ်ဂါရဝအနေနဲ့ ကန်တော့ဦးညွှတ်ခဲ့တာဖြစ်ပါတယ်။နိစ္စဓူဝ သန့်ရှင်းရေးလုပ်ပေးနေရပေမယ့် ဒီ အဒေါ်ကြီးတွေဟာ များသောအားဖြင့် အမေ့လျော့ခံဖြစ်နေကြရတာဆိုပေမယ့် ဝန်ထမ်းလူငယ်လေးတွေကတော့ တကယ်ကို တစ်လေးတစ်စားနဲ့ ရှိခိုးကန်တော့ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ လူမျိုးတို့ရဲ့ သီတင်းကျွတ်အစဉ်အလာကတော့ သီတင်းကျွတ်ကာလမှာ မြတ်စွာဘုရားရှင်တော်ဟာ သူ့ရဲ့ မာတာမိခင် မယ်တော်အမိနတ်သားကို နတ်ပြည်သို့တက်ကာ တရားရေအေးတိုက်ကျွေးပြီး ကျေးဇူးဆပ်ခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံကာ မိမိရဲ့ သက်ကြီးဝါကြီး လူကြီးသူမများနှင့်ကျေးဇူးရှင်များအား ကန်တော့ကြတဲ့ အလေ့အထဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။