Home Town Cha Cha ရဲ့မင်းသမီးချောလေး Shin Min Ah ရဲ့လူသိပ်မသိသေးတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအချို့

//s9.kh1.co/8c/8c855ed12ffb8489934479b42019a412241207e3.jpeg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Home Town Cha Cha ရဲ့မင်းသမီးချောလေး Shin Min Ah ရဲ့လူသိပ်မသိသေးတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအချို့

မကြာသေးမီက ထုတ်လွှင့်ပြီးစီးခဲ့တဲ့ Home Town Cha Cha ရဲ့ မင်းသမီးချောလေး Shin Min Ah ကို အားလုံးမှတ်မိနေမယ်ဆိုတာ ယုံကြည်ပါတယ်။

မင်းသမီးချောလေး Shin Min Ah ရဲ့လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

မင်းသမီးလေး Shin Min Ah ကို ၁၉၈၄ ခုနှစ် ဧပြီလ ၅ ရက်မှာ မွေးဖွားခဲ့ပါတယ်။သူမဟာ ၁၉၉၈ မှာ စတင်ပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှာ Model တစ်ယောက်အနေနဲ့ ပွဲထွက်ခဲ့ပြီး အသက် ၁၇နှစ်အရွယ်မှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

၂၀၁၅ မှာတော့ သူမဟာ ကိုရီးယားအနုပညာလောကရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။သူမဟာ Chanel,Cartier,Givenchy Beauty တို့အပြင် နာမည်ကျော် Brand တော်တော်များများရဲ့ Brand ambassador တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

Shin Min Ah ဟာ မင်းသား Kim Woo Bin နဲ့ တွဲနေခဲ့တာ ချစ်သူ့သက်တမ်း ၇နှစ်တောင်ရှိနေပြီ ဖြစ်ပါတယ်။မင်းသား Kim Woo Bin ဟာ ကင်ဆာရောဂါခံစားနေရတဲ့အချိန်မှာ Shin Min Ah ဟာ သူမရဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို ၂နှစ်လောက် ရပ်နားပြီး မင်းသား Kim Woo Bin ဘေးမှာ ချစ်သူကောင်းတစ်ယောက်အဖြစ်နဲ့ ရှိပေးခဲ့ပါတယ်။အခုချိန်မှာတော့ Kim Woo Bin ဟာ ကင်ဆာရောဂါကို အပြီးသတ် တိုက်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

သူမဟာ သရုပ်ဆောင်ပိုင်းတွင် ထူးချွန်ရုံမက သူမပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ဝင်တေးအချို့ကိုလည်း သူမကိုယ်တိုင် သီဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

Shin Min Ah ဟာ သရုပ်ဆောင်ပိုင်းမှာ ကျရာနေရာကို သရုပ်ဆောင်နိုင်ဖို့အတွက် ဇာတ်ကားမရိုက်ကူးခင်မှာ သူမရိုက်ရမဲ့ဇာတ်ရုပ်တွေအတွက် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းလေ့လာတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။Home Town Cha Cha ဇာတ်ကားမှာ သူမဟာ သွားဆရာဝန်ကာရိုက်တာ သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ဇာတ်ကားမရိုက်ကူးခင်မှာ သွားဆေးခန်းတွေကို သွားပြီး သူမကိုယ်တိုင်လေ့လာခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

သူမဟာ အနုပညာလောကမှာ အောင်မြင်တဲ့အပြင် အလှူအတန်းရက်ရောသူတစ်ဦးလည်းဖြစ်ပါတယ်။သူမရဲ့လှူဒါန်းမှုစုစုပေါင်းကို ရေတွက်လိုက်မယ်ဆိုရင် အခုဆိုရင် 2.3 Billion Won အထိ လှုဒါန်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a9/a92748d2dad8ef0d7efd931e170f2edf33176bc6.png

Shin Min Ah ဟာ Home Town Cha Cha ဇာတ်လမ်းတွဲမှာလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကိုအများဆုံးရခဲ့တဲ့မင်းသမီးလည်းဖြစ်သလို မင်းသား Kim Woo Bin နဲ့သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ကိုရီးယားမှာ စံနမူနာယူထိုက်တဲ့ အချစ်လို့တောင် တင်စားခံခဲ့ရပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T