ဒီနှစ် သီတင်းကျွတ်မှာ မိသားစုတွေအတူမရှိဘဲ အဝေးမှာ တိမ်းရှောင်နေရတဲ့အတွက် သတိရနေကြောင်းကိုအရင်က ပုံရိပ်လေးတွေနဲ့ရင်ဖွင့်လာတဲ့ ကိုပေါက်ဇနီး

//s9.kh1.co/dc/dce3e87f2fd6f0fc4e07085731f36fe056a542ae.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မိသားစုတွေ အမြန်ပြန်ဆုံဆည်းနိုင် ကြပါစေ

လက်ရှိဖြစ်ပေါ်နေတဲ့ မြနမာနိုင်ငံရဲ့ လူထူလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်းရပ်တည်နေကြသူထဲတွင် ဒါရိုက်တာ ကိုပေါက်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံထားရပြီး လက်ရှိအချိန်မှာတော့ ဘေးကင်းရာသို့တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်များနဲ့လည်း တစ်ကွဲတစ်ပြား နေထိုင်နေရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။

Photo Credit :  Aung Min Naing's Facebook Acc
Photo Credit : Aung Min Naing's Facebook Acc
Photo Credit :  Aung Min Naing's Facebook Acc
Photo Credit : Aung Min Naing's Facebook Acc

အခြေအနေ အရပ်ရပ်ကြောင့် မိသားစုကို ခွဲခွာပြီး တိမ်းရှောင်နေရတဲ့အတွက် ဒီနှစ်သီတင်းကျွတ်မှာတောင် မိသားစုနဲ့အတူ မရှိပေးနိုင်ခဲ့ပါဘူး။ အခုလည်း ကိုပေါက်ရဲ့ ဇနီးက ဒီနှစ်သီတင်းကျွတ်ကာလလေးမှာ မိသားစု အတူတူ မရှိနိုင်တာကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ်။  ဒါကြောင့် ကိုပေါက်ဇနီးက အဝေးမှာ တိမ်းရှောင်နေရတဲ့အတွက် သတိရနေကြောင်းကိုအရင်က ပုံရိပ်လေးတွေနဲ့ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

"ဒီနှစ် သီတင်းကျွတ်မှာ မိသားစုတွေ မစုံရပေမယ့် တန်ဆောင်တိုင် မီးထွန်းပွဲမှာ ပြန်ဆုံရရင် သိပ်ကောင်းမှာပဲ" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်း ကိုပေါက်တို့မိသားစုလေး အမြန်ပြန်ဆုံစည်းနိုင်ဖို့ကို ဆုတောင်းပေးနေကြတာပဲ  ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကိုပေါက်တို့ရဲ့ ချစ်စရာမိသားစု ဓာတ်ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Photo Credit : Htet Nini's Facebook Acc
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T