ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ကျော်စိုးအတွက် ဝမ်းနည်းကြေကွဲကာ စိတ်မကောင်းဖြစ်နေရှာတဲ့ ကိုဘင်း

//s9.kh1.co/71/71b31fea57da3c5eaad87b4d9dba3f74b5474b68.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

အနုပညာနယ်ပယ်မှာ အောင်မြင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်စိုးကတော့ ဒီကနေ့မှာ ချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ကျော်စိုး မဆုံးပါးခင်က သေဆုံးပြီဆိုတဲ့ သတင်းအမှားတွေလည်း မကြာခဏထွက်ရှိခဲ့ပါသေးတယ်။ ယခုအမှန်တကယ် ဆုံးပါးသွားတဲ့ အချိန်မှာတော့ ချစ်ရတဲ့ သူတွေကလည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

PhotoCredit - Ko Bean
PhotoCredit - Ko Bean
PhotoCredit - Ko Bean
PhotoCredit - Ko Bean
PhotoCredit - Ko Bean
PhotoCredit - Ko Bean

အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်လျက်ရှိတဲ့ သရုပ်ဆောင်ကိုဘင်းကလည်း သူငယ်ချင်းဖြစ်သူ ဆုံးပါးသွားတဲ့ အပေါ်များစွာ စိတ်မကောင်းဖြစ်ပြီး ယူကျုံးမရဖြစ်နေခဲ့ပါတယ်။ "ကျော်စိုးမရေ ဒီတစ်ခါတော့ တို့တွေအားလုံးကိုမင်းတကယ် နှုတ်ဆက်ထွက်သွားခဲ့ပြီနော် " ဆိုတဲ့ ကိုဘင်းရဲ့ ဝမ်းနည်းကြေကွဲကာ ရေးသားချက်တွေကတော့ မြင်ရသူတိုင်းလည်း စိတ်မကောင်းဖြစ်ရပါတယ်။

PhotoCredit - Ko Bean
PhotoCredit - Ko Bean
PhotoCredit - Ko Bean
PhotoCredit - Ko Bean

ကိုဘင်း နှင့် ကျော်စိုးတို့နှစ်ယောက်ဟာ ဇာတ်ကားတွေမှာလည်း တွဲလုံးညီတဲ့ သရုပ်ဆောင်တွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်ပြောင်နေကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ အခြားအနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေကလည်း ကျော်စိုးဆုံးပါးသွားတယ်ဆိုတဲ့ သတင်းများကြားသိရပြီးနောက် များစွာစိတ်မကောင်းဖြစ်ကာ ကောင်းရာမွန်ရာ ရောက်အောင်လည်း ဆုတောင်းမေတ္တာတွေ ပို့သပေးကြတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=770,q=100/39/39f475c20c764422e1cadb885db3d4c9ebc5b121.jpg

သတင်း အရင်းအမြစ်Source - Ko Bean

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T