ညို့အားကောင်းတဲ့ မျက်ဝန်းတစ်စုံ ၊ ကုန်ခမ်းသွားခြင်းမရှိတဲ့ နုပျိုတဲ့ အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ဟောလိဝုဒ်မင်းသမီးတစ်လက်လို့ပြောလာရင်တော့ အားလုံးက ချစ်ခင်ရတဲ့ ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီကို ညွှန်းရမှာပဲဖြစ်ပါတယ်။သူမရဲ့ တည်ငြိမ်လှပတဲ့ အလှတရားတွေနဲ့ ထူးချွန်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ခုချိန်ထိ အသက်အရွယ်မရွေးတဲ့ ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိနေဆဲ မင်းသမီးတစ်လက်ဖြစ်ပါတယ်။
သူမကို လော့စ်အိန်ဂျလိစ် မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမ ဟာ လက်ရှိမှာ အသက်(၄၆)နှစ်ရှိနေပြီဖြစ်ပါတယ်။အသက်(၄၆)နှစ်လို့ဆိုပေမယ့် တကယ်ကို (၂၀)ကျော်လေးအလား နုပျိုနေတဲ့အတွက် ပရိတ်သတ်များက အံ့အားသင့်ရတဲ့ မင်းသမီးဖြစ်ပါတယ်။
သူမဟာ အောက်တိုဘာ(၁၉)ရက်နေ့က MARVEL ရဲ့ Eternal Premiere ပွဲ ကိုတက်ရောက်လာခဲ့ပါတယ်။သူမဝတ်ဆင်လာတဲ့ဖက်ရှင် နဲ့ သူမရဲ့အလှတရားဟာ လိုက်ဖက်ညီစွာ လှပနေလွန်းခဲ့တဲ့ အတွက် ပရိတ်သတ်များရဲ့ အားပေးမှုအပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။