ဂျပန်နိုင်ငံ Kyu Shu ကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး Mount Aso မီးတောင်ကြီးဟာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ဂျပန်စံတော်ချိန် ၁၁:၄၃ မိနစ်ခန့်က စတင်သက်ဝင်လှုပ်ရှားလာပြီး ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။ မီးတောင်ရဲ့ ပြာမှုန့်တွေက ကောင်းကင်ပေါ်သို့ အမြင့် ၃၅၀၀ မီတာ (၂.၂ မိုင်) အမြင့်ထိပေါက်ထွက်ခဲ့တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
အဆိုပါမီးတောင်က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၅၉၂ မီတာမြင့်ပြီး မီးတောင်အဝအကျယ် ၁ ကီလိုမီတာပတ်လည်ကျယ်ဝန်းပါတယ် ။ ဂျပန်နိုင်ငံတောင်ပိုင်းရှိ အဓိကကျွန်းဆွယ်ဖြစ်တဲ့ Kyusu ကျွန်းတွင် တည်ရှိပြီး ခရီးသွားအများ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ကျောက်တုံးတွေနဲ့ မီးတောင်ကျောက်တွေက ပတ်ဝန်းကျင် ၁ ကီလိုမီတာ အကွာအထိ ရောက်ရှိနိုင်တယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရမှုစာရင်းကိုတော့ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း လည်းသိရပါတယ်။ ဂျပန်နိုင်ငံအစိုးရက ပေါက်ကွဲမှုဖြစ်စဉ်အတွင်း တောင်တက်သမားများရှိမရှိ စစ်ဆေးလျက်ရှိပြီး ၊ သေဆုံးသူမရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရကတော့ အရေးပေါ် သတိပေးချက်အဆင့် ၅ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ မီးတောင်က လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း အသေးစားပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရှိရပါတယ် ။
Source : CNA & Al Jazeera English's post