ဂျိန်းစဘွန်းဇာတ်လမ်းနဲ့ လူသိများခဲ့တဲ့ အမေရိကန်သရုပ်ဆောင်မင်းသားကြီး Pierce Brosnan နှင့် သူ့ရဲ့ ဇနီးသည် Keely Shaye Smith တို့ လက်ထပ်ထားခဲ့ကြတာ ၂၀၀၁ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးသည်ဖြစ်သူဟာ စတင်လက်ထပ်စဉ်အခါတုန်းက ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးရှိခဲ့ပေမယ့် လက်ထပ်ပြီး နှစ် ၂၀ အကြာမှာတော့ အခုလိုမျိုး ခန္ဓာကိုယ်ဟာ ပြောင်းလဲလာခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့ကလည်း ပြောင်းလဲလာတဲ့ ဇနီးသည်ရဲ့ ပုံစံကို အရင်တုန်းကပုံစံနဲ့ နှိုင်းယှဉ်ပြောခဲ့ကြပေမယ့် Pierce Brosnan ကတော့ သူ့ရဲ့ အမျိုးသမီး ဘယ်လို ပုံစံပဲဖြစ်ဖြစ် ချစ်နေမှာဖြစ်ကြောင်း ဖွင့်ဟပြောဆိုထားပါတယ်။ဇနီးသည်ဖြစ်သူ ခန္ဓာကိုယ် ပြောင်းလဲလာတာနှင့်ပတ်သတ်ပြီး Pierce Brosnan ရဲ့ အမြင်ကို မေးထားတဲ့အခါမှာလည်း မင်းသားကြီးက အခုလို ဖြေကြားထားပါတယ်။
“သူငယ်ချင်းတွေကတိုက်တွန်းကြတယ် ကျွန်တော့်အမျိုးသမီးကို ခွဲစိတ်မှုပြုလုပ်ပြီး ကိုယ်အလေးချိန်လျှော့ချခိုင်းဖို့ပေါ့။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အမျိုးသမီးရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတိုင်းကို သဘောကျပါတယ်။ သူမက ကျွန်တော့်မျက်လုံးထဲမှာ အလှပဆုံး အမျိုးသမီးပါ။ သူမရဲ့ ခန္ဓာကိုယ် အခုလိုမျိုးဖြစ်လာတာက ကျွန်တော့်အတွက် ကလေး ၅ ယောက်တောင် မွေးပေးထားလို့ပါ။ အတိတ်တုန်းကလည်း ကျွန်တော်သူမကို သဘောကျခဲ့တာက သူမရဲ့အလှအပကြောင့် မဟုတ်ပါဘူး။ သူမ ဖြစ်နေလို့ကို သဘောကျခဲ့တာပါ။ အခုဆို သူမကို အရင်ကထက် ပိုပြီးတောင် သဘောကျပါတယ်။ သူမက ကျွန်တော့် ကလေးတွေရဲ့ အမေလေ။ သူ့အတွက် ကျွန်တော်အရမ်းကို ဂုဏ်ယူပါတယ်။ သူမရဲ့အချစ်တွေနဲ့ ထိုက်တန်တဲ့လူ တစ်ယောက်ဖြစ်အောင် ကျွန်တော်အမြဲကြိုးစားနေမှာပါ။”
— Hollywood Star, Pierce Brosnan
ဟောလိဝုဒ်သရုပ်ဆောင်ကြီး Pierce Brosnan ရဲ့ တော်ကီတွေကတော့ တကယ့်ကို ကြွေလောက်တယ်နော်။ အမျိုးသမီးဖြစ်သူကိုလည်း အရမ်းကိုချစ်တယ် တန်ဖိုးထားတယ်ဆိုတာ သူပြောလိုက်တဲ့ စကားတွေမှာ ပေါ်လွင်နေပါတယ်။ အရမ်းအားကျဖို့ ကောင်းတာပဲနော် အမျိုးတို့ရေ ။