Doodle Art ဖန်တီးမှုနဲ့ ကမ္ဘာ့အမြင့်ဆုံးလေလံအောင်ခဲ့တဲ့အတွက် ဂုဏ်ပြုလွှာရရှိခဲ့တဲ့ အဆိုတော်ကျားပေါက်

//s9.kh1.co/85/8573627563d5bee58950b1824d5551b545b8f27a.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၂ နှစ် က

လေလံအောင်မြင်ခဲ့တဲ့ အဆိုတော်ကျားပေါက်ကို အမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှ ......

ကိုကျားပေါက်ရဲ့ Big Bag Band ဟာ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်စေတဲ့ သီချင်းတော်တော်များများနဲ့ အောင်မြင်ခဲ့ပြီး လူငယ်ပရိသတ်အများပြားရဲ့ Idol တစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူး ။ ကျားပေါက်က ခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်မှာ သွေးမအေး ဒူးမထောက်ဘဲ ရဲရဲဝင့်ဝင့် တော်လှန်နေတဲ့ အနုပညာရှင်တွေထဲမှာလည်း ထိပ်ဆုံးကပါဝင်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေမှာ ရောက်နေပြီး စစ်အာဏာရှင်ကိုဆက်လက် တော်လှန်နေဆဲဖြစ်ပါတယ်။

Photo Credit :  Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc
Photo Credit :  Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc

အောက်တိုဘာ ၁၇ ရက်နေ့က ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာလေးကလည်း အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ ကမ္ဘာ့လေလံအမြင့်ဆုံးအောင်မြင်ခဲ့ပြီးတော့ ပြည်သူအစိုးရဖြစ်တဲ့ NUG ကိုအကုန်လှူဒါန်းမှာဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ လေလံအမြင့်ဆုံးတဲ့အောင်ခဲ့တဲ့အပေါ်မှာလည်း ကျားပေါက်ကိုယ်တိုင်ရော ပရိသတ်တွေအကုန်လုံးကလည်း ဂုဏ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit :  Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc

 အမြင့်ဆုံးဈေးနဲ့ လေလံအောင်မြင်ခဲ့တဲ့ အဆိုတော်ကျားပေါက်ကို အမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတာဖြစ်ပါတယ်။ ကိုကျားက  ဂုဏ်ပြုမှတ်တမ်းလွှာနဲ့အတူ "Appreciation letter" ဆိုပြီး သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကိုကျားရဲ့  ဂုဏ်ပြုမှတ်တမ်းလွှာလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။ 

Photo Credit : Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc
Photo Credit : Han Htue Lwin's Fb Acc

Source : Han Htue Lwin's Fb Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T