တစ်ကျွန်းလုံး ချစ်စရာ‌ ယုန်လေးများနဲ့ ပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံက ကျွန်းကလေး

//s9.kh1.co/de/de78b0ec8ce872a47e227316307a1fd82eac8cd9.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-အောက်-၂၀၂၁ ၈pm · လွန်ခဲ့သော ၂ နှစ် က

.

ယုန်ကျွန်းလို့ လူသိများတဲ့ အိုခွန်နိုရှီးမားကျွန်းဟာ ဂျပန်နိုင်ငံ၊ တာဟာရာမြို့တော်အနီးက ကျွန်းသေးသေးလေးတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းရဲ့အဓိကဆွဲဆောင်မှုကတော့ ကျွန်းပေါ်မှာ ချစ်စရာအလွန်ကောင်းတဲ့ ယုန်လေးတွေရှိနေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ယုန်ချစ်သူများ မကြာခဏသွားရောက်လည်ပတ်တဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ ယုန်အရေအတွက်ဟာ အံ့ဩဖွယ်‌ေကာင်း‌ေလာက်အောင်များပြားလွန်းတာကြောင့် ဆန်းကြယ်လှပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/b2/b2cb074e447ac9be5965014abc4faf9c4b957ee6.jpg

ပညာရှင်တချို့ကတော့ ယခုလိုယုန်အရေအတွက် အများအပြားမျိုးပွားနိုင်ခြင်းဟာ ဓာတုလက်နက်စက်ရုံကထုတ်တဲ့ ဓာတုပစ္စည်းများကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ (၁၉၂၉) ခုနှစ်နဲ့ (၁၉၄၅) ခုနှစ်ကြားကာလများမှာ ဂျပန်တပ်မတော်ဟာ ဓာတုအဆိပ်တန်ချိန်ပေါင်း (၆၀၀၀) ကျော်ကို အိုခွန်နိုရှီးမားကျွန်းပေါ်မှာ ထုတ်လုပ်ခဲ့ပီး လူအများထံသတင်းပေါက်ကြားမှုမှ ကာကွယ်ရန်အတွက် ထိုကျွန်းအား ဂျပန်နယ်နိမိတ်မြေပုံကနေတောင် ထုတ်ပယ်ခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/13/135cc872fce37aa05424f285ea4b9003bd9d1b60.jpg

အဲ့ဒီအချိန်တုန်းက ယုန်အုပ်စုကြီးဟာ ကံမကောင်းစွာနဲ့ အဆိပ်လက်နက်ထုတ်လုပ်ခြင်းကို စမ်းသပ်ခံရန်အတွက် ကျွန်းသို့ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ လက်နက်စက်ရုံမရှိတော့ပဲ လက်ကျန်ယုန်ကလေးများစွာရှိနေတာကြောင့် လည်ပတ်သူများစွာ လာရောက်ကြတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f0/f0964c851769e1725374c034c6909de805f02f06.jpeg

ယုန်ကလေးတွေဟာ နေရာအနှံ့မှာရှိနေပီး သူတို့ကိုအစာကျွေးမည့်သူများကို စောင့်မျှော်နေတတ်သလို အလွန်ယှဉ်ပါးပီး ချစ်ဖို့ကောင်းလွန်းလှတာကြောင့် ယုန်ချစ်သူများဟာ လာရောက်လှည့်ပတ်ပီးရင် မပြန်ချင်တော့ဘူးလို့ သိရပါတယ်။ အခြားအန္တရာယ်ပေးနိုင်တဲ့ မည်သည့်အကောင်မှမရှိတဲ့အတွက် ယုန်လေးများဟာ ကျွန်းပေါ်မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားနေကြပါတယ်။ ကမ်းစပ်တွင်လည်း ယုန်ကျွန်းအမှတ်တရ ယုန်ခေါင်းစွပ်လေးများ ရှိနေတဲ့အတွက် အမှတ်တရ ဓာတ်ပုံရိုက်သူများဖြင့် အမြဲစည်ကားလျက်ရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/27/274a6f544bb410aebe3330ee77fb599e86131c3e.jpg
https://s9.kh1.co/__image/w=650,h=366,q=100/2b/2b221e91ba7be24acb9f05a56fdad0470da762f9.jpg

သတင်း အရင်းအမြစ်Today Japan

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T