ကွယ်လွန်ခြင်းအထိမ်းအမှတ် (၄)လပြည့်ခဲ့သည့်တိုင် ပရိတ်သတ်တွေရင်ထဲ နှမြောတသ မေ့မရ ဖြစ်နေရတဲ့ ပြည်သူ့အချစ်တော် အဆိုတော်ရေမွန်

//s9.kh1.co/b1/b172a6ce2484f3621d8ade60cf6c6124258615d0.jpg
အနုပညာရှင်များ

 ၂၃-အောက်-၂၀၂၁ ၈am · လွန်ခဲ့သော ၂ နှစ် က

ပရိတ်သတ်ကအရမ်းချစ်ရတဲ့ ကိုရေမွန်တစ်ယောက် ကောင်းရာဘုံဘဝမှာပျော်နေနိုင်ပါစေ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အနုပညာလောကမှာ မုန်းသူတစ်ဦးတစ်လေမှ မရှိပဲ ပရိတ်သတ်တိုင်းရဲ့ ချစ်ခင် လေးစားအားပေးမှုကိုရရှိထားသူလို့ဆိုလာရင်တော့ ပရိတ်သတ်တွေတိုင်းက အဆိုတော်ရေမွန်ကို သာပြေးမြင်ကြမှာ အမှန်ပါပဲ။သူ့ရဲ့ ပရိတ်သတ်အပေါ် တန်ဖိုးထားကာ အလေးအနက်တစ်လေးတစ်စားဆက်ဆံပေးခြင်းကြောင့်လည်း သူဟာ အထူးပင် လူချစ်လူခင်ပေါများရတဲ့ အနုပညာရှင်ဖြစ်နေတာပါ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူ ဖန်တီးထုတ်လုပ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ချင်းစီတိုင်းဟာ ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို အတိုင်းထက်အလွန်ရရှိခဲ့တဲ့အပြင် တကယ်ကို ထူးချွန်တဲ့အနုပညာရှင်ဖြစ်ပါတယ်။သူ့ရဲ့ သီချင်းများဖြစ်တဲ့ “ မင်းနဲ့နီးဖို့ ၊ ဝမ်းနည်းတတ်တဲ့ချစ်သူ ၊ သေလို့ရတယ် ၊ အိပ်ယာဝင်တေး ၊ ဘာလိုနေသေးလဲ ၊ သုံ့ပန်း ၊ ချန်ခဲ့ ” အစရှိတဲ့ သီချင်းတွေကတော့ ပရိတ်သတ်တွေပါးစပ်ဖျားမှာ အချိန်ပြည့်ရေပန်းစားနေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာလွန်ခဲ့တဲ့ (၄)လက ဒီလိုနေ့မှာ အစာအိမ်ရောဂါဖြင့် ပြည်သူများနှင့် အဝေးတစ်နေရာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။သူကွယ်လွန်ခဲ့ရခြင်းအပေါ် မိသားစုဝင်များနှင့် အနုပညာအသိုင်းအဝိုင်းကပါ နှမြောတသဖြစ်ခဲ့ကြရတဲ့အပြင် တစ်နိုင်ငံလုံးရှိ ပရိတ်သတ်များက လွမ်းဆွေးသောကရောက်ခဲ့ကြရပါတယ်။ယခုအချိန်ထိတိုင်လည်း ပရိတ်သတ်များက ကိုရေမွန်အား မမေ့မလျော့ပဲ အမြဲသတိရတမ်းတနေကြတာဖြစ်ပါတယ်။အဆိုတော်ကိုရေမွန်အား ပရိတ်သတ်များအလွမ်းပြေ ကြည့်ရှုခံစားနိုင်အောင် ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T