သီတင်းကျွတ်အချိန်အခါသမယမှာ အဆို​တော် ဟဲ​လေးနဲ့ ရဲ​လေးတို့ကို သွားရောက်ကန်​တော့ခဲ့တဲ့ အဆိုတော်အစ္စဏီ

//s9.kh1.co/32/32417d8ce2a3973366f38c34bc8dc6d3b76b1f8d.jpeg
အနုပညာရှင်များ

 ၂၃-အောက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၂ နှစ် က

အနုပညာဂီတလောကထဲက ရောက်အောင် လက်တွဲခေါ်ယူခဲ့တဲ့ ကျေးဇူးရှင် အကိုကြီးတွေကို……

အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုတဲ့ အစ္စဏီက အဆိုတော်ကောင်း တစ်ယောက်ဖြစ်တာကြောင့် သူရဲ့သီချင်းတွေက အခုချိန်ထိ ပရိသတ်တွေကြားမှာ ကျော်ကြားနေဆဲဖြစ်ပါတယ်။ သူရဲ့အမှားတစ်ခုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး မကြာသေးမီကမှ လွတ်လာတာပါဖြစ်ပါတယ်။ အခုဆို သူကဘဝကို အေးအေးဆေးဆေးနဲ့ အကောင်းဆုံးဖြတ်သန်းနေတာဖြစ်ပြီး သူ့ရဲ့ မိခင်နဲ့အတူ အလုပ်တွေဝိုင်းကူ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc

သူက အလှူအတန်းတွေမှာလဲ ရက်ရောတဲ့စိတ်ရှိသလို ကျေးဇူးရှင်တွေကိုလဲ ကျေးဇူးသိတတ်တဲ့ သူတစ်ယောက်ပါ။ အခုလည်း အဆိုတော်အစ္စဏီက သူ့ရဲ့လက်ဦးဆရာတွေဖြစ်တဲ့ အဆိုတော်ရဲလေးနဲ့ဟဲလေးကို သီတင်းကျွတ်အချိန်သမယမှာ သွားရောက်ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုတော်အစ္စဏီက ဂီတအလုပ်တွေပြန်လုပ်နေတာဖြစ်ပြီး ဂီတနယ်ပယ်မှာ ပြန်လည်လျောက်လှမ်းမယ် လို့လည်းပြောထားပါသေးတယ်။

Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc

အဆိုတော်အစ္စဏီက "ကျွန်တော့်ကိုအနုပညာဂီတလောကထဲက ရောက်အောင် လက်တွဲခေါ်ယူခဲ့တဲ့ ကျေးဇူးရှင်အကိုကြီးများကို အခုလို သီတင်းကျွတ်အခါမှာ ကန်တော့ခွင့်ရခဲ့တယ် ဗျ" ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဟဲလေး၊ ရဲလေး နဲ့ အစ္စဏီ တို့ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေက်ို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc
Photo Credit: Han Tun Zaw’s Facebook Acc<br>
Photo Credit: Han Tun Zaw’s Facebook Acc

Source : Han Tun Zaw’s Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T