နောင်တရလား​​လို့ မေးလာခဲ့ရင် စိတ်ဓာတ်ပြင်းပြပြီး မပြောင်းလဲသွားတဲ့ သူ့ရဲ့ ခံယူချက်တွေကို ဖွင့်ဟထားခဲ့တဲ့ မေဦး

//s9.kh1.co/1a/1a616dc06f14588c4c3e58af3fb70a8c8bc115ad.jpg
အနုပညာရှင်များ

 ၂၄-အောက်-၂၀၂၁ ၈am · လွန်ခဲ့သော ၂ နှစ် က

.

လူချစ်လူခင်ပေါများပြီး အေးအေးဆေးဆေးနေထိုင်တတ်တဲ့ ထိပ်တန်းမိတ်ကပ်ပညာရှင် မေဦးကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်ပေးခဲ့ပြီး တက်ကြွစွာ ပါဝင်ပေးခဲ့သူပဲဖြစ်ပါတယ်။ ဒီလိုပါဝင်ခဲ့ရင်း ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကြတဲ့ မေဦးကတော့ လက်ရှိမှာ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရတာကြောင့် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ခေတ္တတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Photo Credit - May Oo
Photo Credit - May Oo
Photo Credit - May Oo
Photo Credit - May Oo

လွတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့်လည်း မေဦးကတော့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေ အားမလျော့စေဖို့အတွက် အမြဲအားပေးနေတာလည်း တွေ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောထဲကို ရောက်နေပေမယ့်လည်း ချစ်တဲ့သူတွေအတွက် မကြာခဏ သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို ဖော်ပြပေးတတ်တာ တွေ့ရပါတယ်။ယခုမှာလည်း အမှန်တရားဘက်မှာ ရပ်တည်နေတဲ့ မေဦးကတော့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေမျိုးမှာ နောင်တရလားဆိုတဲ့ မေးခွန်းလေးတစ်ခုကို ဖြေကြားလာတာ တွေ့ရပါတယ်။

Photo Credit - May Oo
Photo Credit - May Oo
Photo Credit - May Oo
Photo Credit - May Oo

မေဦးရဲ့ လေးစားစရာ ဖြေကြားချက်လေးမှာ " နောင်တရလား​​မေးလာရင် လုံးဝနောင်တမရပါဘူး..ယခုဖြစ်ပျက်​နေတဲ့ အ​ခြေအ​နေ​တွေက​​နေပြီး ကိုယ်မသိ​သေးတဲ့ အရာ​တွေကိုသင်ယူလိုက်နိုင်ရတယ် ရိုးသားပြီးလူသားဆန်တဲ့ကရင်လူမျိုး​တွေနဲ့ မိသားစုဖြစ်ခွင့်ရခဲ့တဲ့အပြင် Finally အမှန်တရားကိုအရင်ထက် မြတ်နိုးပြီး အမှန်တရားဘက်မှာ ရပ်ခွင့်ရတဲ့ လူသားဖြစ်ခွင့်ရခဲ့တယ်.... ဟုတ်ကဲ့ ကျွန်​တော်ဘယ်​တော့မှ​နောင်တမရပါဘူး"ဆိုတဲ့ ရဲရင့်ပြတ်သားတဲ့ သူရဲ့ ခံယူချက်တွေကတော့ ဖွင့်ဟထားခဲ့တာပါ။ စိတ်ဓာတ်ပြင်းပြတဲ့ ခံယူချက်တွေနဲ့ မပြောင်းလဲသွားခဲ့တဲ့ မေဦးကိုတော့ ပရိသတ်တွေကလည်း အားပေးစကားတွေပြောပေးခဲ့ပါဦးနော်...။

https://s9.kh1.co/__image/w=600,h=497,q=100/f2/f207afe373b48e77215db62983b948522a5e652d.jpg

သတင်း အရင်းအမြစ်Source - May Oo

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T