ကိုရီးယားရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သည့်နေရာသုံးခု

//s9.kh1.co/a7/a7542243c6cb0cd8db354f683c0ce17639f759dc.png
ဗဟုသုတအဖြာဖြာ

 ၂၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကိုရီးယားရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သည့်နေရာသုံးခု

ရေပန်းစားကျော်ကြားခဲ့ပြီး အောင်မြင်မှုများစွာ ရရှိထားခဲ့တဲ့ Squid Game ဇာတ်လမ်းတွဲက်ို အားလုံးသိကြမယ်ထင်ပါတယ်။ဇာတ်လမ်းမကြည့်ရသေးရင်တောင်မှ ဒီဇာတ်လမ်းရဲ့ အကျဥ်းချုံးကိုတော့ တီးမိခေါက်မိလိမ့်ဖြစ်ပါလိမ့်မယ်။ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေလည်း ပါဝင်သလို ရင်သပ်ရှုမောဖွယ်ဖြစ်စေတဲ့နေရာတွေလည်း ပါဝင်ပါတယ်။

Photo Credit- Google
Photo Credit- Google

ကိုးရီးယားရောက်တာနဲ့ သွားရောက်လည်ပတ်သင့်တဲ့ Squid Game ရုပ်ရှင်ဇာတ်ကားမှာအသုံးပြုခဲ့တဲ့ နေရာတွေကို ဖော်ပြပေးလ်ိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။Wolmi Theme Park

Wolmi Theme Park ကတော့ အင်ချွန်းရဲ့ Wolmi ကျွန်းပေါ်မှာ တည်ရှိပါတယ်။ Squid Game ရဲ့ အပိုင်း ၂ မှာ Jang Deok Su(Heo Sung Tae)ဟာ သူရဲ့ဂိုဏ်းအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့နေရာဟာ Wolmi Theme Park မှာပဲဖြစ်ပါတယ်။Wolmi Theme Park မှာဆိုရင် လည်စရာများစွာရှိတဲ့အတွက်ကြောင့် သင့်အနေနဲ့ ကိုးရီးယားရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၂။Kyodong Elementary School

Kyodong Elementary School ကတော့ ဆိုးလ် မြို့မှာတည်ရှိပါတယ်။ဒီကျောင်းကို ၁၈၉၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး တောင်ကိုရီးယားရဲ့ ရှေးအကျဆုံးသော ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ဒီကျောင်းကို Squid Gameရဲ့ ပထမဖွင့်ဖွင့်ချင်းအပိုင်းမှာ တွေ့မြင်ရမှာ ဖြစ်သလို မင်းသား Seong Gi Hun(Lee Jung Jae) ဟာ သူ့ရဲ့ငယ်ဘဝမှာ ကစားဖော်တွေနဲ့ Squid Game ထဲက Game တစ်ခုဖြစ်တဲ့ Red Line , Green Line ကစားခဲ့တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။သင်ဟာ Squid Game ရဲ့ ပရိတ်သတ်တစ်ဦးဆိုရင်တော့ ဒီနေရာကို သွားရောက်လည်ပတ်သင့်ပါတယ်။

Photo Credit - Google
Photo Credit - Google

၃။Jeju Island

Squid Game ရဲ့အပိုင်း ၆ မှာဆိုရင် Kang Sae Byeok (Jung Ho Yeon)က သူသာ game  နိုင်ပြီး ပိုက်ဆံရခဲ့မယ်ဆိုရင် သူအသွားချင်ဆုံးက Jejuကျွန်းကို သွားချင်ကြောင်း သူ့ရဲ့ကစားဖော်ကို ပြောပြခဲ့ပါတယ်။Squad Game ဇာတ်လမ်းမှာတော့ ဒီနေရာကို ရိုက်ပြထားခြင်းမရှိခဲ့ပါ။Jeju ကျွန်းဟာ အလွန်လှပတဲ့ ကျွန်းတစ်ကျွန်းဖြစ်တာကြောင့်မို့ ကိုရီးယားရောက်ရင် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T