ရေဆိုတာ သတ္တဝါတိုင်းရဲ့ မရှိမဖြစ် အလိုအပ်ဆုံးသော အရာတစ်ခုလည်း ဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက် နေ့စဥ်နဲ့အမျှ အဓိကလိုအပ်နေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ရေအသက်တစ်မနက်လို့တောင် ဆိုရိုးစကားရှိပါတယ်။ရေသောက်ခြင်းကြောင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ဝိတ်ကျစေခြင်း
ရေများများသောက်ပေးခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုမြန်ဆန်စေတဲ့အတွက် ဝိတ်ချချင်သူတွေအတွက် ပိုက်ဆံလည်းမကုန်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
၂။ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးခြင်း
ခေါင်းကိုက်စေတဲ့ အဓိက အကြောင်းအရင်းကတော့ ရေပုံမှန်မသောက်ခြင်းကြောင့် ဖြစ်ပါတယ်။ရေများများသောက်ခြင်းဟာ ခေါင်းကိုက်ခြင်းကို ကာကွယ်ရုံသာမက ပါးစပ်ကနေ အနံံဆိုးထွက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
၃။အူလမ်းကြောင်းကို သန့်ရှင်းစေခြင်း
မနက်မိုးလင်းတာနဲ့ ရေသောက်ခြင်းဟာ အညစ်အကြေးများစွန့်ပစ်ဖို့အတွက် အားပေးပါတယ်။ဝမ်းချုပ်တတ်သူများဟာ မနက်နိုးတာနဲ့ ရေများများသောက်ပေးသင့်ပါတယ်။
၄။အသားအရေကို ကြည်လင်ဝင်းပစေခြင်း
ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသားအရေများ စိုပြည်လာပြီး မျက်နှာလေးကို ရွှေလိုဝင်းလက်တောက်ပစေပါတယ်။
၅။ကျန်းမာတဲ့ဆံနွယ်လေးတွေ ရရှိခြင်း
ကျန်းမာသန်စွမ်းတဲ့ဆံနွယ်လေးတွေကို ရချင်တယ်ဆိုရင်တော့ ရေများများသောက်ဖို့လိုပါလိမ့်မယ်။ရေသောက်နည်းမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာတွေ၊အရောင်မတောက်ပဲ ဆံပင်အရောင်ခြောက်ကပ်ကပ်ဖြစ်စေနိုင်ပါတယ်။