လိုက်ပါပို့ဆောင်သူတွေပါ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဟာသသရုပ်ဆောင် ကိုကျော်စိုးရဲ့ နောက်ဆုံးခရီး

//s9.kh1.co/d2/d2eb968696bdd5717d4910b4218de82b8937eeca.jpg
အနုပညာရှင်များ

 ၂၄-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ကိုကျော်စိုးကတော့ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေကို အောက်တိုဘာ (၂၂) ရက်နေ့က ရုတ်တရက် အပြီးအပိုင် နှုတ်ဆက်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။ ကျော်စိုးကတော့ အနုပညာလောကမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် ပရိသတ်အားပေးချစ်ခင်ခဲ့ကြတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit - Kyaw Soe
Photo Credit - Kyaw Soe
Photo Credit - Kyaw Soe
Photo Credit - Kyaw Soe

ကိုကျော်စိုး ကွယ်လွန်သွားချိန်မှာ အသက်(၄၄)နှစ်သာရှိသေးပြီး ချစ်တဲ့ပရိသတ်တွေကများစွာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီကနေ့ အောက်တိုဘာ(၂၄) ရက်မှာတော့ ကိုကျော်စိုးရဲ့ နောက်ဆုံး စျာပနအခမ်းအနားကို ကျန်ရစ်သူ မိသားစုက ကောင်းမွန်စွာပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး စျာပနအခမ်းအနားကိုတော့ ရန်ကုန်မြို့ ကြည်စုသုဿန်မှာ ပြုလုပ်ခဲ့ပြီး မီးသင်္ဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit -ကိုသန့်စင်
Photo Credit -ကိုသန့်စင်
Photo Credit -ကိုသန့်စင်
Photo Credit -ကိုသန့်စင်

တွေ့မြင်ရတဲ့ ပုံရိပ်တွေအရ ရှေ့ဆုံးကနေ သားဖြစ်သူက ဖခင်ရဲ့ ဓာတ်ပုံံလေးကို ကိုင်ထားသလို ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေအပေါင်းအသင်းများကလည်း ကိုကျော်စိုးရဲ့ နောက်ဆုံးခရီးကို စိတ်မကောင်းစွာ လိုက်ပါပို့ဆောင်ပေးကြတာ ဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေကိုတော့ ပရိသတ်တွေအတွက်လည်း များစွာစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သရုပ်ဆောင် ကိုကျော်စိုးရဲ့ နောက်ဆုံးခရီးလေးကို ဖော်ပြပေးရင်း ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Photo Credit -ကိုသန့်စင်
Photo Credit -ကိုသန့်စင်
Photo Credit -ကိုသန့်စင်
Photo Credit -ကိုသန့်စင်

သတင်း အရင်းအမြစ်Source - ကိုသန့်စင်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T