ရန်ပုံငွေအများဆုံးရရှိခဲ့တဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ Dallas,Texas ပွဲ

//s9.kh1.co/8a/8aec421d2c1eec8b59259ec9793908ff14756b3d.png
အနုပညာရှင်များ

 ၂၅-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ရန်ပုံငွေအများဆုံးရရှိခဲ့တဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ Dallas,Texas ပွဲ

အဆိုတော်ဆောင်ဦးလှိုင်ဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေရေးခရီးစဥ်အဖြစ် Boston, Albany,5 - Chapel Hill, NC, New York City, Louisville, Kentucky, Los Angles, Maryland, Washington DC, San Francisco, Dallas, Texas အစရှိတဲ့မြို့တွေကို သွားရောက်ပြီး နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် တစ်ကိုယ်တော် တေးသီချင်းများ ဖျော်ဖြေကာ ​ရန်ပုံငွေရှာပေးနေတဲ့ အနုပညာရှင်တစ်ဦး လည်းဖြစ်ပါတယ်။သူဟာ ရန်ပုံငွေရှာဖွေရေး ခရီးစဥ်ကနေ ရရှိလာသမျှကိုလည်း နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာတွေမှာ လှူဒါန််််းပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်၊၊

Photo Credit - Saung Oo Hlaing's Facebook
Photo Credit - Saung Oo Hlaing's Facebook

ဆောင်းဦးလှိုင်ဟာ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေထောက်ပံ့ဖို့ရန်အတွက် သူတတ်ကျွမ်းတဲ့ အနုပညာဖြင့် ဖျော်ဖြေပေးနေတဲ့ ပွဲစဥ်ဟာ ၁၀ကြိမ်မြောက်ရှိလာခဲ့ပြီး စုစုပေါင်း $ ၆၃၀၀၀၀ ကျော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ စနေ့က ကျင်းပခဲ့တဲဲ့ Dallas,Texas ပွဲဟာ သူရဲ့ ‌အပိတ်ပွဲစဥ်လည်းဖြစ်ပါတယ်။

Photo Credit  - Saung OO Hlaing's Facebook
Photo Credit  - Saung OO Hlaing's Facebook

သူဖျော်ဖြေခဲ့တဲ့နောက်ဆုံး Dallas,Texas ပွဲစဥ်မှာ ရန်ပုံငွေ $၁၀၇၀၀၀ ဖြင့် ပွဲစဥ်တစ်လျှောက်လုံးမှာ အများဆုံးရရှိခဲ့တဲ့ ရန်ပုံငွေလို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

Photo Credit- Saung OO Hlaing's Facebook
Photo Credit- Saung OO Hlaing's Facebook

အဆိုတော် ဆောင်းဦးလှိုင်ဟာ သူပိုင်ဆိုင်တဲ့ အင်္ကျီ၊ဦးထုပ်နဲ့ဂစ်တာတွေကို လေလံတင်ရောင်းချပြီး နွေဦးတော်လှန်ရေးအတွက်  တစ်ဖက်တစ်လမ်းကနေ ရန်ပုံငွေရှာပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit - Saung Oo Hlaing's Facebook
Photo Credit - Saung Oo Hlaing's Facebook

သတင်း အရင်းအမြစ်Saung Oo Hlaing

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T