ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးပိုင်ဖြိုးသုကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးပဲ ဖြစ်ပါတယ်။ အေးချမ်းတဲ့ မိသားစုလေးကို ချစ်ခင်ပွန်းဏကြီးနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံကလည်း ပြည်သူတွေထဲက ပြည်သူတွေဖြစ်တာကြောင့် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပြီး အမှန်တရားအတွက် ရဲရင့်ပြတ်သားစွာ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။
ပိုင်ဖြိုးသုက တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ ၅၀၅ကနဲ့ မတရားအမှုဖွင့် ထားခြင်းခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေရပါတယ်။ တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲ လူမှုကွန်ယက်ကနေ ပြည်သူတွေအတွက် ခွန်အားဖြစ်စေမယ့် စာသားတွေကိုလည်း ရေးသားဖော်ပြလေ့ရှိပါတယ်။ တိမ်းရှောင်နေရတဲ့အတွက်ကြောင့် မိသားစုတွေနဲ့ ပရိတ်သတ်တွေကလည်း စိုးရိမ်ပူပန်နေရပါတယ်။ ပိုင်ဖြိုးသုရဲ့ မိခင်ကြီးဖြစ်သူကလဲ သမီးဖြစ်သူကို လွမ်းတဲ့အကြောင်းလေးကို မကြာခဏဆိုသလို လူမှုကွန်ယက်ထက်မှာ ရေးသားဖော်ပြ လေ့ရှိပါတယ်။
အခုတစ်ခါမှာလဲ ပိုင်ဖြိုးသုရဲ့မိခင်ဒေါ်နွေဦးက သမီးလေးရိုက်တဲ့ ရှုတင်ပုံလေးတွေကို အလွမ်းပြေ ဓာတ်ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ "သုသုလေး အလွမ်းပြေရှုတင် ပုံလေးတွေ" ဆိုပြီးတော့ အကယ်ဒမီ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ဓာတ်ပုံတွေနဲ့ သူမရဲ့လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ရှောင်တိမ်းနေရတဲ့ သူတွေအားလုံး မိသားစုနဲ့ အမြန်ဆုံးပြန်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရင်း ပရိသတ်တွေအတွက် ပိုင်ဖြိုးသုရဲ့ ပုံလေးတွေကို အလွမ်းပြေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : Nwe Oo's Facebook Acc