မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် စင်္ကာပူ နိုင်ငံသူ ကုလသမဂ္ဂ ဝါရင့် သံတမန် မစ္စ နိုလင်းဟေဇာ ကိုခန့်အပ်ကြောင်း ကြေငြာခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့

//s9.kh1.co/6f/6f85b3f44c1978aee99d49be6b00374771172121.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

မစ္စနိုလင်းဟာ အရင်က မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ဖူးသူတစ်ဦးပါတဲ့ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ယမန်နေ့ အောက်တိုဘာ(၂၅)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စ နိုလင်း ဟေဇာကိုခန့်အပ်ကြောင်း ကြေညာလိုက် ပါတယ်။အသက် (၇၃)နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာ နိုလင်းဟေဇာဟာ လက်ရှိမှာ ရာထူးသက်တမ်းကုန်ဆုံးသွားတဲ့ မစ္စ ခရစ္စတင်းရှရနာဘာဂနာရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာပြီး၊ မြန်မာပြည်သူလူထုအတွက် တာဝန်တွေကို တစိုက်မတ်မတ်ကြိုးစားထမ်းဆောင်ခဲ့တဲ့ အတွက် မစ္စ ဘာဂနာ အပေါ် ကျေးဇူးများစွာ တင်ရှိ ကြောင်းလည်း မစ္စတာ ဂူတားရက်စ်က ဆိုလာပါတယ်။

Photo Credit From Google
Photo Credit From Google

ဒေါက်တာဟေဇာဟာ မြန်မာပြည်နိုင်ငံနှင့် အနီးကပ် ထိတွေ့ဆက်ဆံဖူးသူ ဖြစ်ပြီး၊ ၊ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေ၊နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီ အချိန်က မြန်မာ အာဏာပိုင်တွေနဲ့ကြား နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒေါက်တာဟေဇာဟာ  (၂၀၀၇) ကနေ (၂၀၁၄) အထိ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲ တာဝန်ကို ပထမဆုံး တာဝန်ယူဆောင်ရွက်ရတဲ့ အမျိုးသမီးအမှုဆောင် ဖြစ်ပါတယ်။သူမဟာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာများ၊ ကမ္ဘာတစ်လွှားမှ အမျိုးသမီးများနှင့် လူမှုအဖွဲ့အစည်းအသီးသီးက သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံညှိနှိုင်းမှုတွေကို အရေးတယူဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google

အာဆီယံ ဒေသတွင်း တီမော-လက်စ်တေး ငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အဖြစ် ဒေါက်တာဟေဇာဟာ (၂၀၁၃) ကနေ (၂၀၁၅) အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး (၁၉၉၄) မှ (၂၀၀၇) ခုနှစ်အထိ ကုလသမဂ္ဂ UNIFEM အဖွဲ့ရဲ့အမှုဆောင်အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမျိုးသမီးထု၊ငြိမ်းချမ်းရေးနှင့် လုံခြုံမှုရှိရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)ကို ချမှတ်နိုင်ဖို့ ပြုစုအကောင်အထည်ဖော်ရာမှာလည်း အဓိကနေရာမှပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုဒ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်္ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T