ဆယ်စုနှစ်လောက် အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ ထူးခန့်ကျော်ကတော့ လက်ရှိမှာ (၇)ရက်သားသမီးတွေရဲ့ ရောဂါဝေဒနာများကို ကုသပေးနေတဲ့ မြန်မာ့တိုင်းရင်းဆေး ဆရာတစ်ယောက်အဖြစ် လူ့ဘဝကို တန်ဖိုးရှိစွာ လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းသူဖြစ်သလို ဆေးကုသရာမှာလည်း လူနာတွေဆီက ငွေကြေးတစ်ပြားတစ်ချပ်မှ မတောင်းဘဲ စေတနာ၊ မေတ္တာအရင်းခံပြီး အခမဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။
ဆေးကုသတဲ့ (၇)ရက်သားသမီးများရဲ့ လှူဒါန်းမှုအစုစုကိုတော့ သာသနာပြု ဘုရားတည်သွားမယ်လို့ သိထားရပါတယ်။ ဒီလိုမေတ္တာ၊ စေတနာတွေနဲ့ ဆေးကုသပေးနေတာကြောင့် လာရောက်ကုသကြတဲ့ လူနာတွေကလည်း တစ်နေ့တခြားများပြားနေတာ တွေ့ရပါတယ်။ မကြာခဏဆိုရင်လည်း ရောဂါပျောက်ကင်းသက်သာသွားတဲ့ လူနာတွေရဲ့ ဝမ်းသာစရာလေးတွေအပြင် (၇) သားသမီးများရဲ့ လှူဒါန်းပေးမှုတွေကိုလည်း လူမှုကွန်ယက်မှာ ဖော်ပြပေးခဲ့ပါတယ်။
ယခုမှာလည်း သရုပ်ဆောင် ဒေါ်ခင်အုန်းမြင့်တို့ သားမိနှစ်ယောက်က သာသနာပြုဖိုးအတွက်ဆိုပြီး ကြည်နူးဝမ်းမြောက်ဖွယ် ကြက်သီးထစရာ လှူဒါန်းမှုတစ်ခု ပြုလုပ်သွားကြောင်း ထပ်မံဖော်ပြလာတာ တွေ့ရပါတယ်။ သရုပ်ဆောင် ဒေါ်ခင်အုန်းမြင့်ဟာ သားဖြစ်သူနဲ့အတူ ထူးခန့်ကျော်ဆီလာရောက်ပြီး ကွယ်လွန်သွားခဲ့တဲ့ မိဘနှစ်ပါးအား ရည်စူးကာ အလှူငွေ(၁)သိန်းကျပ်နှင့် ဥဿဖရားတရံတို့အား လှူဒါန်းပေးသွားတာ ဖြစ်ပါတယ်။ ဒီလို ဝမ်းမြောက်ဖွယ် လှူဒါန်းမှုကတော့ ပရိသတ်တွေလည်း ထပ်တူကြည်နူးစေမယ်လို့ ထင်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Htoo Khant Kyaw