မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ နည်းပြဆိုးရှားရဲ့ ကိုင်တွယ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး တဖြည်းဖြည်း ရလဒ်အခြေအနေများဆိုးရွားလာခဲ့တဲ့အတွက် ပရိတ်သတ်များက နည်းပြပြောင်းလဲဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ကွင်းမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာဆိုရင် မန်ယူအသင်းဟာ လီဗာပူးအသင်းကို (၅)ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပရိတ်သတ်များရဲ့ ဝေဖန်မှုများဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်း ဘုတ်အဖွဲ့အနေနဲ့ ထို လီဗာပူးနဲ့ ပွဲစဉ်အပြီးမှာတင်ပဲ နည်းပြပြောင်းလဲမှုများပြုလုပ်သွားမယ်ဆိုတဲ့ သတင်းကို စတင်ကြေငြာခဲ့တာဖြစ်ပါတယ်။ကနဦးက မန်ချက်စတာယူနိုက်တက်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းနည်းပြဟောင်းဖြစ်တဲ့ ဇီဒန်းကို နည်းပြအဖြစ် ရွေးချယ်မယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပေမယ့် ဇီဒန်းနှင့် ဆက်သွယ်မှုလို့မရခဲ့ဘူးလို့ပြောကြားလာခဲ့ပါတယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ Antonio Conte အား နည်းပြသစ်အဖြစ်ရွေးချယ်ထားပြီးဖြစ်ပါတယ်။ Conte ဘက်ကလည်း မီးစိမ်းပြပြီးဖြစ်ပြီး ကနဦး ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ Conte အနေဖြင့် လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်း လူစာရင်းဖြင့် အကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ယုံကြည်ထားတာဖြစ်ပြီး နည်းပြပြောင်းလဲမှုကိုတော့ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ပွဲစဉ်မတိုင်မှီ ပြုလုပ်သွားမယ်လို့ သတင်းများကြားသိရပါတယ်။