အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဆီကတောင် ဓာတ်ပုံနဲ့တကွ ပြန်စာပေးပို့ခြင်းခံရတဲ့ ဂုဏ်ယူစရာ မြန်မာကလေးငယ်တစ်ဦး

//s9.kh1.co/4a/4aec320bda8bf53471bb3c9caf9bbcca6a883d3d.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြည်တွင်း၊ပြည်ပက ပြည်သူများဟာ လက်ရှိအချိန်ထိ ကမ္ဘာကသိအောင် နည်းမျိုးစုံဖြင့် တတ်နိုင်သလောက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ယခုမှာလည်း အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ မြန်မာကလေးငယ်တစ်ဦးရဲ့ လေးစားဂုဏ်ယူရတဲ့ သတင်းလေးတစ်ခုကို ကြားသိရပါတယ်။

Photo Credit- Google 
Photo Credit- Google 
Photo Credit- Esther Wa
Photo Credit- Esther Wa

ဒေါရိယက်(Doreas) နာမည်ရတဲ့ မြန်မာကလေးငယ်ဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေကြုံတွေ့နေရတဲဲ့ အခြေအနေတွေကို ရုပ်ပုံ၊ ဗီဒီယိုတွေကနေ တစ်ဆင့် တွေ့မြင်ပြီး စိတ်မကောင်းဖြစ်တာကြောင့် သူ့ရဲ့ ခံစားချက်တွေကို မိခင်အား ပြောပြပြီး သမ္မတဂျိုးဘိုင်ဒင်ထံသို့ စာပို့ဖို့အတွက် အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ မိခင်ဖြစ်သူ Google ကနေရှာပေးတဲ့ လိပ်စာအတိုင်း မြန်မာကလေးငယ်က သမ္မတဂျိုးဘိုင်ဒင်ထံသို့ စာရေးပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Esther Wa
Photo Credit- Esther Wa
Photo Credit- Esther Wa
Photo Credit- Esther Wa

ဂုဏ်ယူစရာကောင်းတာကတော့ မြန်မာကလေးငယ် ပေးပို့လိုက်တဲ့ စာကို သမ္မတဂျိုးဘိုင်ဒင်က အသိအမှတ်ပြုပြီး သူ့ရဲ့ လက်မှတ်နဲ့ ပြန်စာရောက်လာခဲ့တယ်လို့သိရပါတယ်။ သိအမှတ်ပြု ပြန်လည်ပို့ပေးခဲ့တဲ့ စာမှာတော့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ရုပ်ပုံပါထည့်ပေးလိုက်တာ တွေ့ရပါတယ်။ သမ္မတဂျိုးဘိုင်ဒင် အသိအမှတ်ပြုလောက်တဲ့အထိ မြန်မာပြည်သူတွေအတွက် ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို အရွယ်နဲ့မလိုက်အောင် ရေးသားပေးပို့တာကတော့ လေးစားဂုဏ်ယူမိပါတယ်။

Photo Credit- Esther Wa
Photo Credit- Esther Wa

သတင်း အရင်းအမြစ်Source - Esther Wa

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T