အလှူရှင်များ လှူဒါန်းကျွေးမွေးခဲ့တဲ့ မုန့်များစားသောက်ရင်း အတိုင်းထက်အလွန် ဝမ်းသာပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင်ဒေသမှ ကလေးငယ်လေးများ

//s9.kh1.co/4c/4c737958e463f4c858be7d508ebe9ed720919bee.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကလေးလေးတွေ သနားပါတယ်... ဘေးကင်းကြပါစေ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံမှာ စစ်ကောင်စီဟာ အာဏာထိန်းချုပ်မှုများကို ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ထိုအချိန်မှစ တိုင်းပြည်မငြိမ်သက်မှုများ ပိုမိုများပြားလာခဲ့တဲ့အတွက် အချို့ဒေသများ၌ စစ်များဖြစ်ပွားလာခဲ့ကာ စစ်ဘေးရှောင်ပြည်သူများပိုမိုများပြားလာကြပါတော့တယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယခု အရေးမတိုင်ခင်ထဲကလည်း ပြည်တွင်းစစ်များဖြစ်ပွားခဲ့တဲ့ ဒေသများရှိနေပြီး အရင်ကာလများတည်းက မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ပြည်သူများ ရှိခဲ့တာဖြစ်ပါတယ်။သို့ပေမယ့် ယခုကာလမှာတော့ ယခင်ထက် အရေအတွက်ပိုမိုများပြားလာခဲ့တာပဲဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူများထဲတွင် ကလေးသူငယ်များ ၊ မကျန်းမာသူများ နှင့် သက်ကြီးရွယ်အို အဘိုးအဘွားများလည်းပါဝင်နေပြီး  မြို့ပြနေပြည်သူများက ပြည်သူအချင်းချင်းပြန်လည်ကူညီနေကြရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ယခုအခါမှာ စစ်ဘေးရှောင်ဒေသရှိ ကလေးငယ်များအနေနဲ့ ပြည်သူများက ပြန်လည်လှူဒါန်းထားတဲ့ မုန့်များကို ပျော်ရွှင်စွာ စားသောက်နေကြပုံကို ပြည်သူတစ်ယောက်က ကြည်နူးပီတိဖြစ်စွာဖြင့် မှတ်တမ်းတင်လာခဲ့တာဖြစ်ပါတယ်။ကလေးငယ်များရဲ့ အပြစ်ကင်းစင်လွန်းတဲ့ ပုံလေးတွေကြည့်ရှုရင်း ပရိတ်သတ်ကြီးအနေနဲ့ ခေတ္တအမောများပြေပျောက်နိုင်အောင် ရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T