ဆေးလိပ်မီး မငြှိမ်းသတ်မိရာကနေ လူနေအိမ်(၁)လုံး ရစရာမရှိအောင် မီးလောင်ကျွမ်းခဲ့ရတဲ့ မြစ်ကြီးနားမြို့က ဖြစ်ရပ်

//s9.kh1.co/64/64ffa21e3ceab1bd8dda2aae3126743c4ec8e864.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ယခုနှစ်ကာလအတွင်း မြို့နယ်တချို့တွေမှာ မီးလောင်မှုတွေကလည်း မကြာခဏ ဖြစ်ပွားလာတာတွေ့ရပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၂၆) ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ (၃)မှာ ဆိုးရွားတဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လာတာ တွေ့ရပါတယ်။ မီးလောင်မှုကတော့ နံနက်(၁၀)နာရီခွဲ အချိန်ခန့်လောက်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

မီးလောင်မှုဖြစ်စဥ်မှာ နေအိမ်အပေါ်ထပ်အခန်းရှိ ကုတင်ပေါ်မှာ ဆေးလိပ်မီးမငြှိမ်းသတ်ဘဲ ထားခဲ့ရာကနေ အနီးရှိအဝတ်များကနေတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယင်းမီးလောင်မှုကြောင့် လူနေအိမ်နှစ်ထပ်ဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေ ကျပ်သိန်း (၂၀) ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

အဆိုပါမီးလောင်မှုကိုတော့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကျွန်းပင်သာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးလောက်ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁၀)နာရီ (၄၃)မိနစ်အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

သတင်း အရင်းအမြစ်Source - MFSD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T