အစိုးရတွေပါ ထိတ်လန့်ကြောက်ရွံရတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းတွေထဲက တစ်ဂိုဏ်းအကြောင်း - Myanmarload

အစိုးရတွေပါ ထိတ်လန့်ကြောက်ရွံရတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းတွေထဲက တစ်ဂိုဏ်းအကြောင်း

https://s9.kh1.co/a3/a3eee0cc74e214380726e733013e343818678c94.jpg
ဗဟုသုတအဖြာဖြာ
 26-Oct-2021 7pm · a month ago

.

ဒီတစ်ခေါက်မှာဆိုရင်တော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းတွေထဲမှာမှ အကြမ်းဆုံးလူဆိုးဂိုဏ်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဂိုဏ်းတစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီဂိုဏ်းဟာ အယ်လ်ဆာဗေဒိုးနိုင်ငံကို အခြေပြုပြီး တည်ထောင်ခဲ့တဲ့ ဂိုဏ်းဖြစ်ပြီး လက်ရဲ ဇက်ရဲ ရှိလှတဲ့ လူတွေနဲ့ချည်းသာ ဖွဲ့စည်းထားတဲ့ ဂိုဏ်းလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=464,h=261,q=100/d4/d4054dfd691d7e0d64fb504164acbcd43c00bf5a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/26/26e3e3ed6158aff416e2310a48ea62f08b92f705.jpg

ကမ္ဘာ့အရက်စက်ဆုံး လူဆိုးဂိုဏ်းလို့နာမည်ကြီးတဲ့ ဒီဂိုဏ်းဟာ အယ်လ်ဆာဗေဒိုးနိုင်ငံမှာရှိနေပြီး သူတို့ရဲ့ ဩဇာဟာ အယ်လ်ဆာဗေဒိုး အစိုးရအဖွဲ့ထိ ရောက်ရှိနေကာ လူဆိုးဂိုဏ်းက အစိုးရ လုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် အလွန်ကြောက်မက်ဖွယ် အနေအထားဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကလည်း ဒီလိုလူဆိုးဂိုဏ်းတွေနဲ့ တတ်နိုင်သမျှ မပတ်သက်မိအောင် ရှောင်နေရပါတယ်။ ဒီလူဆိုးဂိုဏ်းကို လော့စ်အိန်ဂျယ်လ်လိစ်မြို့တွင် အယ်လ်ဆာဗေဒိုးနိုင်ငံမှ ဝင်ရောက်လာသူများဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး သစ္စာခံအဖွဲ့ဝင် ၇၀၀၀၀ အထိရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=268,q=100/f5/f5b1aaad84790e070e5825fb63bf7c9ec363a1df.jpeg

ဒီအထဲမှာမှ ဂိုဏ်းဝင် ၁၀၀၀၀ ခန့်ဟာ အမေရိကန်မှာ လှုပ်ရှားနေကြပြီး ဒီဂိုဏ်းရဲ့ ထင်ရှားတဲ့ နာမည်ကတော့ MS 13 လို့လည်း ခေါ်ကြပါတယ်။ အဆိုပါဂိုဏ်းဟာ အရာရာကို အလေးအနက်ထားကာ လုပ်ဆောင်လေ့ရှိပုံကို သူတို့ လေ့ကျင့်သင်ကြားထားတဲ့ စစ်သင်တန်းတွေကို ကြည့်တာနဲ့ သိသာပါတယ်။ ဂိုဏ်းသားအများစုကတော့ တောခုတ်ဓားများနှင့် လက်ပစ်ဗုံးများကိုသုံးကာ တိုက်ခိုက်လေ့ရှိတာကြောင့် နိုင်ငံက ပြည်သူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကပါ သူတို့နဲ့ မတိုးမိအောင် အထူးသတိထားပြီး သွားနေကြရပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/3d/3df8bdfa3e39ba18f5147d30a2927d3df0775723.jpg
https://s9.kh1.co/__image/w=650,h=440,q=100/48/4897bd097dd076f114050d07211ba4b3fa78dbda.png

သတင်းအရင်းအမြစ်Britannica

Tun Lin Aung
Aung

ဆက်စပ်ဆောင်းပါး