အထည်ဆိုင်လေး ဖွင့်ထားတယ်လို့ ဆိုတဲ့ ဒါရိုက်တာဟိန်းစိုး

//s9.kh1.co/9d/9d2755cc463ada9fa8a20423bbde31eb1cba2067.jpg
အနုပညာရှင်များ

 ၂၇-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

အထည်ဆိုင်လေး ဖွင့်ထားတယ်လို့ ဆိုတဲ့ ဒါရိုက်တာဟိန်းစိုး

လူကြိုက်အရမ်းများခဲ့တဲ့ MRTV 4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပျားရည်အိုင်ဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ဟိန်းစိုးဟာဆိုရင် အခုဆိုရင် အထည်ဆိုင်လေးဖွင့်ထားပြီလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလေးမှာ ရေးတင်ထားပါတယ်။

Hein Soe
Hein Soe

ဒါရိုက်တာ ဟိန်းစိုးဟာ  "ဟစ်တိုင်" အပါအဝင် နာမည်ကြီး ဇာတ်ကားပေါင်း ၈၀၀ ကျော်အထိ ရိုက်ကူးခဲ့ဖူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲနာမည်က “မမှီဝဲနှင့်ကင်းအောင်နေ” ဆိုတဲ့ MRTV 4 ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

Google
Google

ဒီကာလကြီးမှာ အနုပညာရှင် အတတ်ပညာရှင်တွေအနေနဲ့လည်း အခက်အခဲတွေ အများကြီး ရှိလာတာကြောင့် ဒါရိုက်တာကြီး ဟိန်းစိုးလည်း အခုလို ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင် ဖွင့်လိုက်တာ ဖြစ်ပါတယ်။

Hein Soe
Hein Soe

ဒါရိုက်တာကြီး ဟိန်းစိုး ဖွင့်ထားတဲ့ အထည်ဆိုင်လေးက တာမွေမြို့နယ် ၊ ရွှေဗဟိုပလာဇာရှေ့က လမ်းဖြစ်တဲ့ သမ္မာဒိဌိလမ်းထိပ်မှာ တည်ရှိတာဖြစ်ပါတယ်။ အထည်ဆိုင်လေးထဲမှာဆိုရင် ၁၀၀၀ တန်လေးတွေကစလို့ ဈေးအရမ်းတန်တဲ့ အထည်လေးတွေရှိပါတယ်။ အကယ်၍ လမ်းကြုံလိုပဲဖြစ်ဖြစ် ဒါရိုက်တာကြီး ဟိန်းစိုးကိုကူညီချင်လိုပဲဖြစ်ဖြစ် သွားရောက်အားပေးဝယ်ယူချင်တယ်ဆိုရင်တော့ အပေါ်ကလိပ်စာလေးအတိုင်း ဆိုင်လေးက တည်ရှိနေပါတယ်နော်။

Hein Soe
Hein Soe
Hein Soe
Hein Soe
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T