ကမ္ဘာ့ရှေးအကျဆုံး ပတ္တမြားသိုက်များကို ကိုင်ဆောင်ထားတဲ့ ဂရင်းလန်းမှာ သုတေသနပြုနေတဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ဂရပ်ဖိုက်၊ ကာဗွန်စစ်စစ်ဖြင့် သတ္တုဓာတ်ပါရှိသော နမူနာပတ္တမြားတစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ကာဗွန်ရှိဓာတုဗေဒ အမှတ်အသားများက အစောပိုင်းကာလရဲ့ အကြွင်း အကျန်တစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
“ဒီပတ္တမြားထဲမှာရှိတဲ့ ဖိုက်တာတွေက တကယ့်ကို ထူးခြားပါတယ်။ ပတ္တမြားတွေပါတဲ့ ကျောက်တုံးတွေမှာ ရှေးခေတ်သက်ရှိတွေရဲ့ အထောက်အထားတွေကို ပထမဆုံးတွေ့ခဲ့ရတာပါ” ဟု Yakymchuk က မီဒီယာတစ်ခုတွင် ဖော်ပြခဲ့ပါတယ်။ “ဂရပ်ဖိုက်တွေ ရှိနေတာက ပတ္တမြားရဲ့ အရောင်နဲ့ ဓာတုပါဝင်မှုအပေါ် အခြေခံပြီး တိုက်ရိုက်လုပ်ဆောင်လို့မရတဲ့ အရာတစ်ခုက ဒီနေရာကို ပတ္တမြားဘယ်လိုဖွဲ့လဲဆိုတာကို ဆုံးဖြတ်ဖို့ သဲလွန်စတွေပေးခဲ့တာလို့ ဆိုပါတယ်။
ကာဗွန်ဟာ ဇီဝဗေဒဆိုင်ရာဇာစ်မြစ် ဟုတ်မဟုတ် ဆုံးဖြတ်ရန် သုတေသီများဟာ ကာဗွန်အက်တမ်ရှိ အိုင်ဆိုတုပ်များရဲ့ ပေါင်းစပ်ဖွဲ့စည်းမှုများကို လေ့လာခဲ့တယ်လို့ သိရပါတယ်။ ပတ္တမြားဟာ သတ္တု corundum အမျိုးအစားဖြစ်ပြီး အနီရောင်ဖြစ်တာကြောင့် Graphite ဟာ ပတ္တမြားကြီးထွားမှုအတွက် ကောင်းမွန်တဲ့အခြေအနေများဖန်တီးဖို့ ပတ်ဝန်းကျင်ရှိကျောက်များကိုလည်း အရောင်ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ သုတေသနကိုတော့ Ore Geology Reviews မှာ ပြီးခဲ့တဲ့အပတ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNN