အမေရိကန်မှာပြသမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပုံလေးတွေကိုမျှဝေလာတဲ့ မြန်မာ့ဂန္တဝင် မင်းသမီးကြီး မေဝင်းမောင်

//s9.kh1.co/29/29455b48b07450bae00d80dff226a8ceb2aa2408.jpg
အနုပညာရှင်များ

 ၂၇-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဒီဇာတ်လမ်းတွဲထဲမှာ မင်းသမီးကြီး မေဝင်းမောင်က ခါတိုင်းမြင်နေကျပုံစံ တော့မဟုတ်ဘဲ......

မြန်မာ့ဂန္တဝင် မင်းသမီးကြီး သရုပ်ဆောင်မေဝင်းမောင်ဟာ နှစ်ပေါင်း ၃၀ အတွင်း သူမရဲ့အနုပညာတွေကို မဖော်ထုတ်ဘဲ နေလာခဲပေမယ့် NBC၊Channel က တင်ဆက်တဲ့ New Amsterdam TV ဇာတ်လမ်းတွဲမှာ “ဟေမာတံခွန်”ခေါ် “Miss Takhon” ဆိုတဲ့ မြန်မာအမျိုးသမီးကြီးတစ်ယောက်အနေ နဲ့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ News Amsterdam Season 4 ကို October လ ၂၀ ရက်နေ့က ပြသထုတ်လွှင့်ခဲ့ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : May Wynn-Maung's Facebook Acc
Photo Credit : May Wynn-Maung's Facebook Acc

New Amsterdam က ဆေးရုံတစ်ရုံက အဖြစ်အပျက်တွေကိုတင်ပြတဲ့ Series ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲမှာ “ဟေမာတံခွန်”ခေါ် “Miss Takhon”  က လူနာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရပြီး တစ်ခြား မြန်မာသရုပ်ဆောင် တစ်ဦးက ဟေမာရဲ့ မြေးမလေးအဖြစ် သရုပ်ဆောင်ရပါတယ်။ နောက်တစ်ဦးကတော့ မြန်မာသံရုံးက အမှုထမ်းတစ်ယောက်အနေနဲ့ သရုပ်ဆာင်ရပါတယ်။ တွဲပြီးသရုပ်ဆောင်ရတဲ့ အဓိကသရုပ်ဆောင် ဆရာဝန် Max အဖြစ်သရုပ်ဆောင်သူက Blacklist ဇာတ်ကားထဲက နာမည်ကြီးမင်းသား Ryan Eggold ဖြစ်ပါတယ်။

Photo Credit : May Wynn-Maung's Facebook Acc
Photo Credit : May Wynn-Maung's Facebook Acc
Photo Credit : May Wynn-Maung's Facebook Acc
Photo Credit : May Wynn-Maung's Facebook Acc

“အတွေအကြုံအသစ်မဟုတ်သောအသစ် နှစ်ပေါင်းသုံးဆယ်လောက်အတွင်းမှာ လုံးဝနီးပါးခေါက်ထားခဲ့ရတဲ့ ကိုယ့်ရဲ့အနုပညာနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတစ်ခုအတွက် ပါဝင်ဖို့အခွင့်အရေးတစ်ခုပေါ်လာခဲ့ပါတယ်။ ဒီက Television ဇာတ်လမ်းတွဲတစ်ခုမှာ မြန်မာလူမျိုးသရုပ်ဆောင် အမျိုးသမီးလိုတယ်ဆိုလို့ လျှောက်ကြည့်ရာက Zoom နဲ့ Audition လုပ် ဖြစ်ခဲ့ပြီး အရွေးခံရပြီး NewYork ကိုသွားဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ LA ကမြန်မာပြည်အတွက် ရံပုံငွေပွဲမှာပါဝင်ဖိရနေတဲ့အတွက် New York ကို နှစ်ခေါက်သွားခဲ့ရပါတယ်။ မြန်မာလူမျိုး နောက်ထပ်နှစ်ယောက်နဲ့လည်း တွေဆုံဖြစ်ပြီး အတူတွဲပြီးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဟေမာတံခွန်ဆိုတဲ့ မြန်မာအမျိုးသမီးကြီးအဖြစ် NBC Channel က New Amsterdam ဆိုတဲ့ TV Series မှာဧည့်သည်သရုပ်ဆောင် Guest Star အနေနဲ့ပါဝင်ခွင့်ရခဲ့တာပါ…”ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

Photo Credit : May Wynn-Maung's Facebook Acc
Photo Credit : May Wynn-Maung's Facebook Acc

ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်သရုပ်ဆောင် မေဝင်းမောင်ပါဝင်ခဲ့တဲ့ News Amsterdam Season4, Episode 5 မှ သရုပ်ဆောင် ပုံရိပ်များကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=597,q=100/8e/8e5b13b24e0e608863c367f34a480e909f4c9c80.jpg
Photo Credit : May Wynn-Maung's Facebook Acc
Photo Credit : May Wynn-Maung's Facebook Acc

Source : May Wynn-Maung's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T