မင်္ဂလာနှစ်ပတ်လည် ၁၈ နှစ်ပြည့် နေ့လေးမှာ ချစ်ရတဲ့ မိသားစုနဲ့ အတူတူရှိနေခွင့်ရတဲ့အတွက်အရာရာကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ အဆိုတော် အာဇာနည်

//s9.kh1.co/66/6614375c0e8038c8e59a769e0ab716bed0620b18.jpg
အနုပညာရှင်များ

 ၂၇-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Happy Anniversary ပါ.... မိသားစုတွေ ဘေးကင်းပြီးကျန်းမာကြပါစေ….

အာဇာနည်လို့ ဆိုလိုက်ရင်တော့ အသံပါဝါကောင်းကောင်းနဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ၁၀ စုနှစ်မက ရပ်တည်လာခဲ့တဲ့ သူတစ်ဉီးပါ။ အာဇာနည်ဟာ တေးသီချင်း  Album ပေါင်းများစွာကို ထွက်ရှိခဲ့ပြီး IC အဖွဲ့မှာလည်း အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့အပြင် ပရိသတ်တွေ အားပေးကြမ်းနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အာဇာနည် ကတော့ သားလေး ၂ ယောက်နဲ့ အတူ သမီးလေး တစ်ယောက်ကိုပိုင်ဆိုင်ထားတာကြောင့် သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Zarni Myo Nyunt's Facebook Account

အာဇာနည် ကတော့ မြန်မာပြည်ရဲ့လက်ရှိ အခြေအနေမှာလည်း ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ တွယ်တာစရာ မိသားစုနှောင်ကြိုးတွေ ရှိနေပေမယ့်လည်း အမှန်တရားဘက်က ရပ်တည်ပြီး အခုလို တိုက်ပွဲ ဝင်ခဲ့တာပဲဖြစ်ပါတယ်။ အာဇာနည်က တော်လှန်ရေးတိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်..။

Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

ဒီကနေ့ အောက်တိုဘာလ (၂၇) ရက်ကတော့ အာဇာနည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း ၁၈နှစ်ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။ အာဇာနည်က Anniversary နေ့လေးမှာ သူချစ်ရတဲ့ ဇနီးချောလေးရယ်၊ သားလေးတွေရယ်၊ သမီးလေးရယ်နဲ့ အတူတူရှိနေခွင့်ရတဲ့အတွက် ကျေးဇူးတင်ပြီး ဝမ်းသာပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

အာဇာနည်က သူတို့မိသားစုပုံလေးတွေနဲ့အတူ "၁၈ နှစ်ပြည့်ခဲ့ပြီ ဒီနေ့ဒီအချိန်ဒီရက်မှာ မိသားစု တူတူ ရှိနေခွင့်ရတဲ့ အတွက် အရာရာကိုကျေးဇူးတင်ပါတယ်" ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း Happy Anniversary ပါကိုအာဇာနည် ချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ် နေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေဆိုပြီး ဆုတောင်းပေးထားကြပါတယ်။

Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

Source : Zarni Myo Nyunt's Facebook Account

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T