ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် လိုက်နာသင့်သည့် အချက်ငါးချက်

//s9.kh1.co/eb/ebbd2fd58dce29b783a2270ea000812c974ff5c1.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၉-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် လိုက်နာသင့်သည့် အချက်ငါးချက်

လူသားတွေရဲ့တစ်နေ့တာမှာ အိပ်စက်ခြင်းဟာလည်း အရမ်းအရေးပါပါတယ်။ညကို ကောင်းကောင်းအိပ်ပျော်ဖို့လည်း အရမ်းအရေးကြီးသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့လည်း ဖြစ်ဖို့လိုပါတယ်။ကိုယ်က ညတွေအိပ်မပျော်ဘူးဆိုရင် အလွယ်တကူ အိပ်ဆေးသောက်ပြီး အိပ်တတ်ကြပါတယ်။ဆေးတွေက တကယ်တော့ ရေရှည်သုံးစွဲဖို့မသင့်ပါဘူး။ဒါကြောင့် ကိုယ်က ညအိပ်မပျော်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။ညအိပ်ယာမဝင်ခင်မှာ ဖုန်းကို ဘယ်နှစ်နာရီီထိိိ သုံးမယ်ဆိုပြီး ကန့်သတ်ထားပါ။

ကျွန်တော်တို့ဟာ အိပ်ယာထဲဝင်လိုက်တာနဲ့ဖုန်းကိုပါတစ်ပါးတည်းယူဆောင်သွားတတ်ကြပါတယ်။ဖုန်းထဲမှာ စိတ်ဝင်စားစရာတစ်ခုတွေ့လိုက်တာနဲ့ ကျွန်တော်တို့ဟာ လက်မလွှတ်ပဲ ကြည့်ရင်းကြည့်ရင်း အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ညအိပ်ရာမဝင်ခင်မှာ ဖုန်းကို အချိန်တစ်ခုထိထားပြီး သေချာသတ်မှတ်လိုက်ပါက ညအိပ်မပျော်ခြင်းမှ ကင်းဝေစေမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၂။အခန်းကို ​အေးအေးလေးဖြစ်အောင်ထားပါ။

ပူလွန်းရင် ကျွန်တော်တို့ ညအိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ်အိပ်မဲ့အိပ်ယာခင်းတွေက ပူအိုက်တတ်တဲ့အမျိုးအစားတွေ မခင်းဖို့ အကြံပြုချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=327,q=100/6a/6a7d412162955cfe90dfbda02183e513ff0770ae.jpeg

၃။ရှုသွင်းရှုထုတ်လုပ်ကြည့်ပါ။

ကိုယ်က ညတွေကို အိပ်မပျော်တတ်ဘူးဆိုရင် ကုတင်ပေါ်မှာ သက်တောင့်သက်သာ လဲလျောင်းတာပဲ ဖြစ်ဖြစ်၊ထိုင်တာပဲ ဖြစ်ဖြစ် အသက်ရှုတာကို ပုံမှန် ရှုသွင်း၊ရှုထုတ်လုပ်ကြည့်လိုက်ပါ။ခနနေရင် နှစ်ခြိုက်စွာအိပ်ပျော်စေမှာ ဖြစ်သလို စိတ်ကိုလည်းပေါ့ပါးသွားစေမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/1f/1f771623ef688fb0d0b5562dfd7cb1efecd09e0a.jpeg

၄။အတွေးမလွန်ပါစေနဲ့။

ညအိပ်မပျော်ဘူးဆိုတာ တစ်ခါတစ်လေ တောင်တွေး၊မြောက်တွေးနဲ့ အတွေးလွန်ပြီး အိပ်မပျော်တတ်တာတွေ ရှိပါတယ်။ဒါကြောင့် ညအိပ်ရာဝင်တော့မယ်ဆိုရင် ဘာမှမတွေးပါနဲ့။ကိုယ့်စိတ်ကို ပေါ့ပါးအောင် နေ့စဥ်ဘဝမှာ နေထိုင်ကြည့်ပါ။

Photo Credit - Google
Photo Credit - Google

၅။ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။

ဒါက ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း အထောက်အကူပြုစေသလို ကိုယ့်ရဲ့ညအိပ်ပျော်ခြင်းမှာလည်း အများကြီး အထောက်အကူဖြစ်စေတာကြောင့်မို့ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T