ယနေ့မနက်ပိုင်းမှာ ပရိသတ်တွေကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာ သွားပြန်ပြီဖြစ်တဲ့ ဖိုက်တင်မင်းသားကြီး အောင်ပိုင် - Myanmarload

ယနေ့မနက်ပိုင်းမှာ ပရိသတ်တွေကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွာ သွားပြန်ပြီဖြစ်တဲ့ ဖိုက်တင်မင်းသားကြီး အောင်ပိုင်

https://s9.kh1.co/eb/eb6c4cd86b39dc6c57a9514966400edf696597e8.jpg
အနုပညာရှင်များ
 18-Nov-2021 5pm · 13 days ago

.

ယခုနှစ်ကာလအတွင်းမှာ နှစ်လကြာရှည်စွာ အားပေးချစ်ခင်ရတဲ့ ဝါရင့် အနုပညာရှင်တချို့နဲ့ သူတို့ရဲ့မိသားစု၀င်တွေလည်း ကိုဗစ်ရောဂါအပြင် အခြားသော (၉၆) ပါးရောဂါဝေဒနာများဖြင့် ဆုံးပါးသွားကြတာကို စိတ်မကောင်းစွာ တွေ့မြင်ရပါတယ်။ ယခုမှာလည်း ဖိုက်တင်ဇာတ်ကားတွေနဲ့ နာမည်ရခဲ့တဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး အောင်ပိုင်လည်း နိုဝင်ဘာ(၁၈) ရက် မနက် (၂)နာရီခန့်က ဆုံးပါးသွားခဲ့ပြီးဖြစ်ကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/85/858a3adb576d7d41f3ea183650a8a5a02f964a83.jpg
Photo Credit - Aung Paing
https://s9.kh1.co/__image/w=600,h=900,q=100/2c/2c767269c00f9638380963cb5fc76ab01f12f25b.jpg
Photo Credit - Aung Paing

ဖိုက်တင်မင်းသားကြီး အောင်ပိုင်ဟာ ဇာတ်ကားများစွာ ထွက်ရှိခဲ့ပြီး တစ်ချိန်က လူကြီး၊ လူငယ်မရွေး သဘောကျချစ်ခင်အားပေးခဲ့ရတဲ့ ဝါ့ရင် အနုပညာရှင်တစ်ဦးပါ။ မင်းသားကြီး အောင်ပိုင် ဆုံးပါးသွားတာကို အနုပညာရှင် အသိုင်းအဝိုင်းတွေကနေ တစ်ဆင့် စိတ်မကောင်းစွာ ကြားသိခဲ့ရပေမယ့် မည်သည့်ရောဂါဖြင့် ဆုံးပါးခဲ့ကြောင်းကိုတော့ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=600,h=696,q=100/e7/e76dc4d0e8057d5ed27bf1721b79f82543208e71.jpg
Photo Credit - Aung Paing

အနုပညာမောင်နုမတွေနဲ့ ချစ်တဲ့ပရိသတ်တွေကလည်း မင်းသားကြီးအောင်ပိုင် ဆုံးပါးသွားခဲ့ပြီးဟု ကြားသိခဲ့ရပြီးနောက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ယခုလို ဝါရင့် မင်းသားကြီး အောင်ပိုင် ဆုံးပါးသွားတာဟာ အနုပညာလောကရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ရုတ်တရက် ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ မင်းသားကြီး အောင်ပိုင်ကို ကောင်းရာမွန်ရာ ရောက်အောင် ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါဦးနော်...။

https://s9.kh1.co/__image/w=600,h=633,q=100/8e/8ebdc03f9e07f57144b5cb7718525bcd00700755.jpg

သတင်းအရင်းအမြစ်Source - Nay Htoo Naing

Zin Myo
Zin Myo

ဆက်စပ်ဆောင်းပါး