နတ်လမ်းပေါ်တဲ့ ကျိုက်နဲ ရေလယ်ဘုရားပွဲမှာ လှိုင်းပုတ်ခံရမှုကြောင့် ဘုရားဖူးသူ အများအပြား သေဆုံးမှုများဖြစ်ပေါ်

//s9.kh1.co/5a/5a4c83faec3142a5c4de83597a2faa931846b60d.jpg
နေ့စဉ်သတင်းများ

 ၂၁-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက အလွန်စည်ကားတဲ့ နေရာတစ်ခုဖြစ်တဲ့ ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းပေါ်တဲ့နေရာမှာ ဒီကနေ့ နိုဝင်ဘာ (၂၁) ရက် မနက်ပိုင်းက လာရောက်ဘုရားဖူးသူများခဲ့ပြီး (မတော်တဆ စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ) ဒီရေတက်ပြီး လှိုင်းပုတ်ခံရမှုကြောင့် လူအများအပြား ရေထဲမျောပါကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ လူမှုရေးအသင်းများရဲ့ ဖော်ပြချက်တွေအရ စိတ်မကောင်းစွာ ကြားသိရပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Aung Myint Myat(လူမူရေးအသင်း)
Photo Credit - Aung Myint Myat(လူမူရေးအသင်း)
Photo Credit - Aung Myint Myat(လူမူရေးအသင်း)
Photo Credit - Aung Myint Myat(လူမူရေးအသင်း)

လက်ရှိမှာတော့ ရေနစ်သေဆုံးတဲ့ ဆရာတော်တစ်ပါးအပါအဝင် ရုပ်အလောင်း(၁၄) လောင်း ဆယ်ယူရရှိထားပြီး ကျန်ပျောက်ဆုံးနေသေးတဲ့ သူတွေကိုလည်း ထပ်မံရှာဖွေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။ လက်တလော ရေထဲမျောပါ သေဆုံးသူတွေကို ဆယ်ယူဖို့ ဒေသခံပရဟိတအဖွဲ့တွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဦးဆောင်ကူညီမှုများ ပြုလုပ်ပေးနေတာပါ။

Photo Credit - Aung Myint Myat(လူမူရေးအသင်း)
Photo Credit - Aung Myint Myat(လူမူရေးအသင်း)
Photo Credit - Aung Myint Myat(လူမူရေးအသင်း)
Photo Credit - Aung Myint Myat(လူမူရေးအသင်း)

ပင်လယ်ထဲမျောပါနေရာကနေ ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်းတချို့ကိုတော့ မွန်မြတ်စေတနာ ကျုံကဒတ်မှ သံဖြူဇရပ်ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ပါတယ်။ ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲဟာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ ညပိုင်းကနေ (၃)ရက်နေ့ မနက်ပိုင်းထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတာလို့ သိရပြီး ယခုနှစ်မှာတော့ မတော်တဆမှုကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit - Aung Myint Myat(လူမူရေးအသင်း)
Photo Credit - Aung Myint Myat(လူမူရေးအသင်း)

သတင်း အရင်းအမြစ်Source - Aung Myint Myat

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T