သားဖြစ်သူရေမွန်ကွယ်လွန်ခြင်း ၅ လပြည့်အလှူလေး ပြုလုပ်ပေးခဲ့တဲ့ အဆိုတော်ခင်မြတ်မွန် - Myanmarload

သားဖြစ်သူရေမွန်ကွယ်လွန်ခြင်း ၅ လပြည့်အလှူလေး ပြုလုပ်ပေးခဲ့တဲ့ အဆိုတော်ခင်မြတ်မွန်

https://s9.kh1.co/ac/acc76f0c912d5322c97fcae279bc00143eb11618.jpg
အနုပညာရှင်များ
 23-Nov-2021 3pm · 8 days ago

သားဖြစ်သူရေမွန်ကွယ်လွန်ခြင်း ၅ လပြည့်အလှူလေး ပြုလုပ်ပေးခဲ့တဲ့ အဆိုတော်ခင်မြတ်မွန်

Idiots band ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ တေးရေး ၊ တေးဆို ဂီတပညာရှင်၊ အဆိုတော်ရေမွန်ကွယ်လွန်သွားခဲ့တာ ဒီနေ့ဆိုရင် ၅ လတောင်ပြည့်ခဲ့ပါပြီ။ အဆိုတော်ရေမွန်ဟာ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့ရင်း ခက်ခဲပင်ပန်းစွာနေထိုင်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ကရင်ပြည်နယ်မှာပဲ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ အဆိုတော်ရေမွန်ဟာ အနုပညာပါရမီပါပြီး အရမ်းကို တော်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကွယ်လွန်သွားချိန်မှာ ပရိသတ်တွေဟာ များစွာ ယူကြုံးမရဖြစ်ခဲ့ကြပါတယ်။

မကြွေလွင့်သင့်ပဲကြွေလွင့်သွားခဲ့ရတဲ့ကြယ်တစ်ပွင့်ဖြစ်တာကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာဆိုရင်လည်း တကယ်ကို အဖိုးမဖြတ်နိုင်လှပါဘူး။ ကွယ်လွန်သွားခဲ့ရတဲ့ သားဖြစ်သူနှင့် ပတ်သတ်ပြီး မိခင်ကြီး အဆိုတော်ခင်မြတ်မွန်ဟာဆိုရင်လည်း နေ့စဉ်နှင့်အမျှအောက်မေ့သတိရနေခဲ့တာပါ။ မိခင်ကြီး ခင်မြတ်မွန်ဟာ သားဖြစ်သူလေး ထွက်ခွာသွားတာ ၅ လပြည့်တဲ့နေ့မှာလည်း သားဖြစ်သူလေးအတွက် ရည်စူးပြီး အလှူလေးတွေ ပြုလုပ်ပေးခဲ့တဲ့အကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး ရေးတင်ထားပါတယ်။

“ဒီနေ့ တွတ်ပီလေး ဆုံးပါးသွားတာ

၅လတင်းတင်းပြည့်ပြီ.

ဒီလ 26 th ကလဲ တွတ်ပီ 33 နှစ်ပြည့်

မွေးနေ့မို့ သူ့အတွက် ထူးထူးခြားခြားလေး

ကုသိုလ်ကောင်းမှုပြုဖို့ကြံရွယ်ထားတာ

သူကလဲ(တဆင့်ကြားခံနဲ့) နယ်

(အဖိုးအဖွား

ဆွေမျိုးများရဲ့ဇာတိ)မှာလှူပေးဖို့

သေချာမှာထားတယ်

https://s9.kh1.co/__image/w=650,h=867,q=100/0d/0de8906cd9b75b76f662f57dee8d2048dafc3596.jpg
Khin Myat Mon's Facebook

ဒါပေမဲ့ အခြေအနေတွေမကောင်းလို့

ရက်‌နဲနဲရွှေ့လိုက်ပါတယ်.

(အိမ်ကဘုရားလဲဘုရားပါဘဲလို့

အကန်တွေပြောပြီး blame မလုပ်ကြနဲ့နော်!

စဉ်းစားဆင်ခြင်တုံတရားရှိပြီး

နားလည်လို့ မသွားသေးတာ.

အသက်ကိုဉာဏ်နဲ့စောင့်ရှောက်နေတာ)

(စိတ်ရင်းအတိုင်းဆို..

အိမ်ဘုရားတင်မက နယ်မြို့‌လေးက

မပြည့်စုံတဲ့ဘုရားစေတီတွေ၊နွမ်းပါး

ချို့တဲ့တဲ့ ကျောင်းတွေ၊သံဃာတွေကို

တပိုင်တနိုင်လှူဒါန်းထောက်ပံ့ချင်စိတ်

လေးနဲ့သွားချင်တာပါ

https://s9.kh1.co/__image/w=650,h=488,q=100/ad/ad65086b93a634940344bf326811734789232a06.jpg
Khin Myat Mon's Facebook

Post တစ်ချို့တွေမှာလို

ဘုရားဖူးအကြောင်းပြ

ဖလန်းဖလန်းထပြီးအပျော်ကျူးဖို့

အစီအစဉ်လုံးဝမရှိ ! နကိုကလဲအဲ့လို

မနေခဲ့ဖူးပါ.

တွတ်ပီမရှိတော့ထဲက

အပျော်ဆိုတာလဲ ကိုယ်နဲ့မသက်ဆိုင်တော့ပါဘူး

ဒါပေမဲ့. .သေသူကလဲတောင်းဆိုထားတယ်

သေသူတွေမပြုလုပ်နိင်တော့တဲ့

ကုသိုလ်ကောင်းမှူတွေကို ဆက်လက်

ရှင်သန်နေသူတွေက

ရည်စူးပြီး လှူဒါန်းလုပ်ကိုင်ပေးရမှာလေ !!!

ဒါကြောင့်. .

ဘာလုပ်လုပ်အပြစ်မြင်တတ်တဲ့

အကန်စိတ်တစ်ခုထဲနဲ့ ကျေးဇူပြု၍

လာ blame မလုပ်ကြပါနဲ့နော် !

လုပ်ရင်လဲ ဂရုမစိုက်ပါဘူး

ကုသိုလ်ကြားထဲ ဒေါသမရောစွက်

ချင်လို့ပါ)

ဒါကြောင့်. . .

ဒီနေ့တော့ နေအိမ်ဘုရားမှာဘဲ

ဆွမ်း၊ပန်း၊ဆီမီး၊ရေချမ်းကပ်လှူပြီး

သူ့အတွက် ဆုတောင်းအမျှဝေပေးလိုက်ပါ

တယ်.အားလုံးလဲ အမျှရကြ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 🌹”

https://s9.kh1.co/__image/w=650,h=867,q=100/fc/fcd823a6fc9d997eed45f04113007c40c2561ace.jpg
Khin Myat Mon's Facebook

မိခင်ရဲ့မေတ္တာဆိုတာ အကြီးမားဆုံးပါပဲနော်။ သားဖြစ်သူကို တစ်ရက်မှမပျက် လွမ်းဆွတ်သတိရနေခဲ့တာ။ ကိုရေမွန်တစ်ယောက်လည်း အန်တီခင်မြတ်မွန် ပြုလုပ်ပေးနေတဲ့ ကုသိုလ်ကောင်းမှုအလှူလေးတွေကြောင့် အေးချမ်းတဲ့ ကောင်းရာမွန်ရာဘဝမှာ ရှိနေမှာပါ။

https://s9.kh1.co/__image/w=650,h=419,q=100/e5/e55ae564c1b1b7e755ae93d1a87de82b555a15a2.jpg
Khin Myat Mon's Facebook
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်ဆောင်းပါး