Squid Game' ကို ခိုးကြည့်ခဲ့တဲ မြောက်ကိုရီးယား အထက်တန်း ကျောင်းသူ (၇)ဦးလုံး ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ချမှတ်ခံရ

//s9.kh1.co/d2/d21159e60c35e48ea7711c9793b0887ddafd5d54.jpg
နေ့စဉ်သတင်းများ

 ၂၄-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

တောင်ကိုရီးယားရဲ့ နာမည်ကြီး TV စီးရီး တစ်ခုဖြစ်တဲ့ 'Squid Game' ဇာတ်ကားကို ခိုးကြည့်ခဲ့ပြီးနောက် မြောက်ကိုရီးယားမှ အထက်တန်းကျောင်းသူ ၊ကျောင်းသားများအား ပြင်းထန်တဲ့ ပြစ်ဒဏ်တစ်ခုကို ချမှတ်လိုက်ကြောင်း မြောက်ကိုရီးယားအရေး သတင်းဖော်ပြနေတဲ့ အမေရိကန်သတင်းမီဒီယာ (RFA) က နိုဝင်ဘာ (၂၃)ရက်မှာ ဖော်ပြခဲ့ပါတယ်။

Photo Credit - Allkpop
Photo Credit - Allkpop

မြောက်ကိုရီးယားမှ အတွင်းလူတစ်ဦးကို ကိုးကားပြီး RFA ရဲ့ အစီရင်ခံစာမှာ “ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက မြောက်ဟမ်ယောင်ခရိုင် Chongjin မြို့မှ အထက်တန်း ကျောင်းသူ (၇)ဦးဟာ 'Squid Game' ကို ကြည့်ရှုခဲ့ပြီးနောက် ၁၀၉ တွဲစစ်ဌာနချုပ် စစ်ဆေးရေးမှ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ 'Squid Game' ကို ကြည့်ရှုခဲ့တဲ့ ကျောင်းသူ (၇)ဦးကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၎င်းနှင့်အတူ အခြားကျောင်းသားများကိုလည်း ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

Photo Credit - Allkpop
Photo Credit - Allkpop

ကိုရီးယားဒရာမာဇာတ်ကားပါတဲ့ USB ချောင်းများ တင်သွင်းရောင်းချတဲ့ သူများကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဖမ်းမိခဲ့တဲ့အထက်တန်းကျောင်းသူ ကျောင်းသားများရဲ့ ကျောင်းအုပ်၊ လူငယ် အတွင်းရေးမှူးနှင့် အိမ်ခန်းဆရာမတို့ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သလို ပါတီဝင်စာရင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။ မြောက်ကိုရီးယား အာဏာပိုင်များဟာ စျေးကွက်ထဲမှာ နိုင်ငံခြား ဒရမ်မာဇာတ်ကားများ ပါဝင်တဲ့ CDs နှင့် USB များ ရောင်းချသူများကို ရှာဖွေရန် ကျယ်ကျယ်ပြန့်ပြန့် ဆင်ဆာဖြတ်တောက်မှုများကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - Allkpot

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T