ကွာလာလမ်ပူမြို့က နာမည်ကြီး ကားအပိုပစ္စည်း အရောင်းဆိုင်ကြီး တစ်ဆိုင် အဆိုးဝါးဆုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်

//s9.kh1.co/7a/7a3f39f48f155a2446934fa6d37019861965b77c.jpg
နေ့စဉ်သတင်းများ

 ၂၄-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Jalan Kampung Pasir၊ Segambut မှာ နိုဝင်ဘာ (၂၃) ရက် ယမန်နေ့ ညနေပိုင်းက ဆိုးဆိုးဝါးဝါး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံသတင်းများက ဖော်ပြလာခဲ့ပါတယ်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ ကွာလာလမ်ပူမြို့ရဲ့ နာမည်ကြီး ကားအပိုပစ္စည်း အရောင်းဆိုင်ကြီးတစ်ဆိုင်လို့လည်း သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဆိုးရွားလှတဲ့ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ရဲ့ (၉၀)% နီးပါးလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်နှင့် ကယ်ဆယ်ရေးဌာနမှ စစ်ဆင်ရေးမှူး Muhammad Ridhwan Kamarulzaman က ပြောကြာခဲ့ပါတယ်။ ညနေ(၆)နာရီအချိန်ခန့်ကနေ ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးဟာ ည (၉) နာရီအထိ မီးလောင်ကျွမ်းခဲ့ပြီး မီးထိန်းနိုင်ရေးအတွက် မြို့တွင်းရှိ မီးသတ်စခန်း (၈)ခုမှ မီးသတ်သမား (၈၀) ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်မှာလည်း ကွာလာလမ်ပူမြို့ရဲ့ အစိတ်အပိုင်းတစ်ခုကို မီးခိုးများကဖုံးလွှမ်းခဲ့ရပြီး Duke အဝေးပြေးလမ်းမကြီးအနီးမှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်မောင်းများအားလုံး ငေးမောစရာဖြစ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဥ် အနီးအနားမှာ ဖြတ်သန်းသွားလာရင်း ရိုက်ကူးထားတဲ့ မီးလောင်မှု ဗီဒီယိုဖိုင်ထဲမှာတော့မီးခိုးလုံးကြီးများ အလိပ်လိုက်ထွက်လာပြီး မီးအားပြင်းပြင်းနဲ့ ဆိုင်တစ်ဆိုင်လုံး လောင်ကျွမ်းနေတာ တွေ့ရပါတယ်။

သတင်း အရင်းအမြစ်Source - Buletin TV3

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T