တိုင်းပြည်တွင်း အလုပ်အကိုင်ရှားပါးမှုများကြောင့် မြန်မာပြည်ရှိလူအများဟာ ပြည်ပနိုင်ငံများသို့ သွားရောက်ချင်စိတ် ပိုပိုပြီး များလာကြပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံများသို့သွားရောက်မယ်ဆိုရင် အဓိက လိုအပ်တဲ့ အရာဖြစ်တဲ့ ပတ်စ်ပို့ဟာလည်း အရေးပါတဲ့ အရာတစ်ခုဖြစ်လို့ လာပါတယ်။
နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှာ လိုအပ်တဲ့ ပတ်စ်ပို့ ပြုလုပ်ရန်အတွက် လူအများဟာဆိုရင် ရန်ကင်း ပတ်စ်ပို့ရုံးရှေ့မှာ အခုလို မနက်မိုးမလင်းခင်အချိန် ၄ နာရီ မထိုးခင် ကတည်းက တန်းစီစောင့်ဆိုင်းနေကြတာလို့ သိရပါတယ်။
ကိုဗစ်ရောဂါ ဗိုင်းရပ်စ်ကြီးလည်း ရှိနေတဲ့ကာလမှာ အခုလို လူအများ ကြိတ်ကြိတ်တိုးနေတာ အန္တရာယ် ကင်းလွန်းလှတဲ့ မြင်ကွင်းတစ်ခုတော့မဟုတ်လှပါဘူး။ဒါပေမယ့်လည်း လူအများကတော့ မနက်မိုးမလင်းခင်ကတည်းက အခုလို ပတ်စ်ပို့ရုံးရှေ့မှာ ကြိုးစားတန်းစီစောင့်နေကြဆဲပဲဖြစ်ပါတယ်။